မာဒူရိုကို ဖမ်းတုန်းက ဗင်နီဇွဲလားလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ဖို့ အမေရိကန်စစ်တပ်က လျှို့ဝှက်လက်နက်တွေကို ထုတ်သုံးခဲ့တယ်လို ထရမ့်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

မာဒူရိုကို ဖမ်းတုန်းက ဗင်နီဇွဲလားလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ဖို့ အမေရိကန်စစ်တပ်က လျှို့ဝှက်လက်နက်တွေကို ထုတ်သုံးခဲ့တယ်လို ထရမ့်ပြော


ဇန်နဝါရီ - ၂၆ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံမြိုတော် ကာရာကတ်စ်ကို စီးနင်းတိုက်ခိုက်စဉ်အတွင်း အမေရိကန်စစ်တပ်က လျှို့ဝှက်လက်နက်သစ်များကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်ကွန်မန်ဒိုများသည် ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ၎င်းရဲ့ ခြံဝင်းအတွင်းမှ အသေအပျောက်မရှိ သိုမဟုတ် လေယာဉ်တစ်စင်းမှ ဆုံးရှုံးခြင်းမရှိဘဲ ဝင်ဖမ်းနိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၅၀ ကျော် ပါဝင်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

စနေနေ့က ထုတ်လွှင့်ခဲ့တဲ့  New York Post သတင်းဌာန နဲ့ အင်တာဗျူးမှာ ထရမ့်က လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်က “[ရန်သူ] ရဲ့ ကိရိယာများကို အလုပ်မလုပ်နိုင်အောင် လုပ်နိုင်ခဲ့ပါတယ်” လိုပြောလိုက်ပါတယ်။ 

“အဲ့ဒိလက်နက်တွေက ဘာလဲ ဆိုတာကိုတော့ ကျနော့်မှာ ပြောခွင့်မရှိပါဘူး။ သေချာတာကတော့ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံတွေပစ်လွှတ်လို မရခဲ့ပါဘူး။ သူတို့မှာ ရုရှားနဲ့ တရုတ် ဒုံးပျံတွေရှိပါတယ်။ ဒါပေမဲ့ ပြန်တိုက်ခိုက်လို့မရခဲ့ပါဘူး။ ကျနော်တို လေတပ်ဝင်လာတယ်။ သူတို့တွေ ခလုပ်နှိပ်ဖိုကြိုးစားတယ်။ ဒါပေမဲ့ ဘာမှ အလုပ်မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ အထိအခိုက်မရှိဘဲ စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါတယ်” လို ပြောပါတယ်။ 

သတင်းတွေမှာကတော့ စီးနင်းမှုတွင် အမေရိကန်တပ်ဖွဲဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ်တစ်စင်း ပျက်စီးသွားခဲ့ပေမဲ့ မစ်ရှင်ကို ဆက်လုပ်နိုင်ကြောင်း နဲ့ အမေရိကန်က ဗင်နီဇွဲလားရဲ့ ရေဒါစနစ်များကို ပိတ်ရန် သို့မဟုတ် ၎င်းတိုကို သုံးလို့မရအောင် နည်းပညာအချိုနဲ့ လုပ်ခဲ့ကြောင်း ပြောပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)