လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ






လှိုင်းဘွဲ၊ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ(၁) နာရီက မြို့မပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဩဝါဒကထာနှင့်မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောက်ရွက်ခဲ့သည်။ ထို့နောက် အထူးပင့်ဆရာတော်နှင့်ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းခဲ့ကြပြီး အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာတော် ပထမလတ်တန်းတွင် (၁)ပါး၊ ပထမငယ်တန်းတွင် (၈)ပါး၊ အခြေပြုမူလတန်းတွင် (၂၀)ပါး စုစုပေါင်း (၂၉)ပါးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား ဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စေတနာရှင်၊ အလှူရှင်များက စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


စောဒိ

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)