ပန်းတောင်းမြို့နယ် ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေး


ပန်းတောင်း  ၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတွင် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာကေသီဝင်းမောင် ခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကုသဆောင်ရွက်‌ပေးရာတွင် အထွေထွေရောဂါအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက (အခမဲ့)ဆေးကုသ‌‌ပေးခြင်း ဆောင်ရွက်လျက်ရှိရာပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ဆေးရုံကြီးမှဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာကေသီဝင်းမောင်၊ ပန်း‌တောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် ပန်း‌တောင်းမြို့နယ် ကုသ‌ရေးဦးစီး ဌာနမှူး ဒေါက်တာသန်းထိုက်စိုးတို့မှ အခမဲ့ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ အခမဲ့‌ဆေးကုသပေးခဲ့ရာ အထွေထွေလူနာ(၂၀၆)ဦး၊ ခွဲစိတ်လူနာ(၇)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၁၉)ဦး၊ မျက်စိရောဂါလူနာ (၁၀၉)ဦး၊ ကလေးလူနာ(၂၄)ဦး၊ သွားရောဂါလူနာ(၃၈)ဦး၊ တီဗီဓာတ်မှန်ရိုက်လူနာ(၆၂)ဦး၊ အရိုးအကြောလူနာ (၈၂) စုစုပေါင်းလူနာ(၅၄၇)ဦးကို အခမဲ့စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)