ရုရှားရေနံ ဆက်ဝယ်နေရင် အိန္ဒိယကို အခွန်ဆက်တိုးမယ်လို့ ထရမ့်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားရေနံ ဆက်ဝယ်နေရင် အိန္ဒိယကို အခွန်ဆက်တိုးမယ်လို့ ထရမ့်ပြော


ဇန်နဝါရီ - ၇ ( ဗုဒ္ဓဟူးနေ့ ) 

အိန္ဒိယက ရုရှားထံမှ ရေနံဆက်လက်ဝယ်ယူနေဦးမယ်ဆိုရင် အခွန်ဆက်တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။ ထရမ့်ရဲ့ အဲ့ဒိခြိမ်းခြောက်မှုက ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် အတွင်း ပေါ်လာတာပဲ ဖြစ်ပါတယ်။ 

"သူတို့က ရုရှားတွေနဲ့ ကုန်သွယ်မှုဆက်လုပ်နေတယ်။ အဲ့တော့ သူတို့အပေါ် အခွန်တွေ မြန်မြန်တိုက်ကောက်လိုက်မယ်။ သူတို့အတွက်တော့ အရမ်းဆိုးသွားလိမ့်မယ်" လို့ ထရမ့်က  Air Force One လေယာဉ်ပေါ်တွင် ပြောကြားခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် က အိန္ဒိယသည် ရုရှားထံမှ ရေနံဝယ်ယူမှုကို သိသိသာသာ လျှော့ချလိုက်ကြောင်း ပြောထားတယ် ဆိုတာကိုလည်း သူ့ မှတ်ချက်များတွင် ထရမ့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

“အိန္ဒိယနဲ့ သူ (ဒေါ်နယ်ထရမ့် ) လုပ်ခဲ့တဲ့ သဘောတူညီချက်ကြောင့် အိန္ဒိယက အခု ရုရှားရေနံကို  သိသိသာသာ လျှော့ဝယ်နေပါတယ်”လို့ ဂရေဟမ်က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ အဲ့ဒိဆီးနိတ်လွှတ်တော် အမတ်က ရုရှား နဲ့ ကုန်သွယ်မှုပြုသည့် နိုင်ငံများအပေါ် ထပ်လောင်းပိတ်ဆို့မှုများ ချမှတ်နိုင်စေမည့် ဥပဒေများကို ဆက်လက်လုပ်ဆောင်နေပါတယ်။ 

အိန္ဒိယက ကမ္ဘာ့ပေါ်မှာ တတိယမြောက် ရေနံအများဆုံး သုံးစွဲတဲ့နိုင်ငံဖြစ်ပါတယ်။  ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားရေနံစိမ်းအတွက် ၎င်းက အဓိကစျေးကွက်ဖြစ်လာခဲ့ပါတယ်။ 

ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Kpler မှ အချက်အလက်များအရ ရုရှားသည် ထိုအချိန်မှစ၍ တောင်အာရှနိုင်ငံ၏ ထိပ်တန်းရေနံတင်သွင်းသူဖြစ်ပြီး အိန္ဒိယရဲ့စုစုပေါင်း ရေနံစိမ်းတင်သွင်းမှုရဲ့ ၃၆ ရာခိုင်နှုန်းကျော်ကို ရုရှားက ပံ့ပိုးပေးထားတယ်လို့သိရပါတယ်။ 

အိန္ဒိယရဲ့ ရေနံသန့်စင်ရေး လုပ်ငန်းကြီးတွေကတော့ အမှာစာအသစ်များကို ယာယီရပ်ဆိုင်းထားပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို တုံ့ပြန်သည့်အနေဖြင့် အခြားနိုင်ငံတွေက ရေနံစိမ်းတွေကို ရှာနေပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်ကျောထောက် နောက်ခံပြု အိန္ဒိယရေနံကော်ပိုရေးရှင်း အပါအဝင် အခြားထုတ်လုပ်သူ များကမူ ဒဏ်ခတ်အရေးယူမှု မခံရသော ရုရှားထုတ်လုပ်သူများထံမှ ရေနံကို ဆက်လက်ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)