ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝါကြိတ်စက်ရုံ (ရမည်းသင်း) စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝါကြိတ်စက်ရုံ (ရမည်းသင်း) စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၁၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံ ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေ မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများအနေဖြင့် ထွက်ရှိသည့်ဝါများကို ကုန်ကြမ်းအဖြစ် တိုက်ရိုက်ရောင်းချ ခြင်းထက် တစ်နိုင်တစ်ပိုင် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်ရာမှ MSME များ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝါမှသည် ဝါဂွမ်း၊ ချည်၊ ပိတ်၊ အဝတ်အထည်ထုတ်လုပ် သည့်လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်နိုင်လျှင် ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကျရာကဏ္ဍမှ ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ဝါကြိတ်စက်များအားလုံး စက် စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်အရန် ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်း ထားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိသည့်ဒေသများတွင် Solar PV System ဖြင့် ဝါကြိတ်စက်များ၊ ဆီစက်များ လည်ပတ်ကြိတ်ခွဲနိုင် ကြောင်းနှင့် စက်တပ်ဆင်နည်း စနစ်များကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး ကြိတ်လုံး နှစ်လုံးတပ် ဝါကြိတ်စက်အား နေရောင်ခြည် စွမ်းအင်ဖြင့် လည်ပတ်ကြိတ်ခွဲနေမှု၊ ကြိတ်လုံး နှစ်လုံးတပ် ဝါကြိတ်စက်အား ပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)