ဇန်နဝါရီ - ၁၁ (တနင်္ဂနွေနေ့ )
အီးယူနိုင်ငံများက ရုရှားဆန့်ကျင်ရေး ပိတ်ဆို့မှုများချမှတ်ပြီးနောက် လွန်ခဲ့သည့်လေးနှစ်အတွင်း ပို့ကုန်များတွင် ယူရို ၄၈ ဘီလီယံ (ဒေါ်လာ ၅၅.၉ ဘီလီယံ) ခန့် ဆုံးရှုးခဲ့ကြောင်း ဥရောပ စာရင်ကိုင်များအဖွဲ့( ယူရိုစတက်) ရဲ့ စာရင်းဇယား အချက်အလက်များအရ သိရပါတယ်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် အနောက်အုပ်စုက မော်စကိုအပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ချမှတ်ကာ ရုရှားစီးပွားရေးကို ပြိုလဲစေရန် ရည်ရွယ်တဲ့ ပိတ်ဆို့မှုတွေကို လုပ်ခဲ့ပါတယ်။
အီးယူက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရုရှားနိုင်ငံသို့ တင်ပို့မှုကနေ ယူရို ၂၅ ဘီလီယံဝင်ငွေ ရရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် အလားတူကာလအတွက် ယူရို ၇၃ ဘီလီယံနှင့် နှိင်းယှဉ်ပါက အများကြီး လျော့ကျသွားကြောင်း အီးယူစာရင်းအင်းရုံးမှ အချက်အလက်များအရ သိရပါတယ်။ ယင်းပမာဏက ပို့ကုန် ရဲ့ ၆၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တာပါ။
အီးယူသည် ၂၀၂၅ခုနှစ်နှောင်းပိုင်းတွင် ရုရှားနှင့် လေးပုံနှစ်ပုံဆက်တိုက် အပြုသဘောဆောင်သော ကုန်သွယ်မှုမျှချေကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ယူရိုစတက် မှ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့တာပါ။
အီးယူရဲ့ ၂၀၂၇ ခုနှစ်တွင် ရုရှားဓာတ်ငွေ့ တင်သွင်းမှုကို ရပ်ဆိုင်းရန် စီစဉ်ခဲ့ပေမဲ့ လက်ရှိမှာက ရုရှားသည် အီးယူရဲ့ လောင်စာဆီ ဒုတိယအများဆုံး တင်သွင်းသူအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ စုစုပေါင်း အီးယူဓာတ်ငွေ့ ဝယ်ယူမှု ဝေစုသည်၂၀၂၁ ခုနှစ်တွင် ၃၉ % ရှိရာမှ ၂၀၂၅ တွင် ၁၅.၁ % အထိကျဆင်းခဲ့ပါတယ်။
အီးယူက ရုရှား ဟိုက်ဒရိုကာဗွန်များမှ စျေးပိုကြီးသော အမေရိကန်ရဲ့ အရည်ပျော်ဓာတ်ငွေ့ (LNG) သို့ တဖြည်းဖြည်း လှည့်ထွက်သွားခြင်းကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသွားစေပါတယ်။
အရန်လောင်စာများ လျင်မြန်စွာ ကုန်ဆုံးခြင်းသည် အချိန်မတန်မီ ကုန်ထုတ်စွမ်းအား ဆုံးရှုံးမှုကို ဦးတည်စေပြီး အေးသော ရာသီဥတုတွင် စားသုံးသူများထံ ယုံကြည်စိတ်ချရသော ဓာတ်ငွေ့ ထောက်ပံ့မှုကို ခြိမ်းခြောက်လာလိမ့်မယ်လို ရုရှားရေနံကုမ္ပဏီကြီး က ပြောပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment