ဇန်နဝါရီ - ၇ ( ဗုဒ္ဓဟူးနေ့ )
ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဖြစ်တဲ့ ဂရင်းလန်းကို ကာကွယ်တဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို ဥရောပခေါင်းဆောင်အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ပြီး နေတိုးနိုင်ငံအချင်းချင်းဖြစ်လို့ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ထောက်ထားရန် အမေရိကန်အား တောင်းဆိုခဲ့ပါတယ်။
ဝါရှင်တန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတ နီကိုလပ်စ်မာဒူရိုကို ပြန်ပေးဆွဲပြီးနောက် မကြာမီတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒိန်းမတ်ပိုင်နက်ကို သိမ်းပိုက်ရန် ကာလရှည်ကြာစွာ စွဲမြဲနေတဲ့ စိတ်ဝင်စားမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖွင့်ပြောလာခဲ့ပါတယ်။
အဲ့ဒိနောက်မှာတော့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒီရစ်ဆန်က “ထရမ့်က ဂရင်းလန်ဘက်ကို ခေါင်းလှည့်လာပြီ၊ သူက စိတ်ဝင်စားတယ်လို့ ပြောလာပြီဆိုရင် ကျနော်တို့ အလေးအနက်ထားပြီး သတိပြုဖို့လိုလာပါပြီ” လို့ ပြောပါတယ်။
ပြင်သစ်သမ္မတ၊ ဂျာမန်အဓိပတိ၊ ဗြိတိန်ဝန်ကြီးချုပ်၊ အီတလီ၊ စပိန်နှင့် ပိုလန်နိုင်ငံ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သော အဆိုပါကြေညာချက် တွင် "ဂရင်းလန် သည် ဥရောပနဲ့သာသက်ဆိုင်ပါသည်။ ဒိန်းမတ်သည် ဂရင်းလန်းအတွက်သာဖြစ်ပြီး ဒိန်းမတ်နှင့် ဂရင်းလန်းနှင့်ပတ်သက်သောကိစ္စများကို ဆုံးဖြတ်ရန် ဥရောပ၌သာ တာဝန်ရှိတယ်" ပါရှိပါတယ်။
ထရမ့်က ကမ္ဘာ့မြောက်ဘက်အခြမ်း မဟာဗျူဟာမြောက်တည်နေရာဖြစ်ပြီး သယံဇာတကြွယ်ဝတဲ့ အာတိတ်ဒေသက ဂရင်းလန် ကျွန်းကို အမေရိကန်ကပဲ ထိန်းချုပ်ရမယ်လို့ ကာလရှည်ကြာစွာပြောဆိုခဲ့ပါတယ်။ ဒိန်မတ်ကလည်း ဂရင်းလန်းဒေသမှာ ရုရှားနဲ့ တရုတ်ရေတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကိုးကားပြီး ဂရင်းလန်းကို ကောင်းကောင်းမကာကွယ်နိုင်ဘူးလို့ ထရမ့်က အကြံပြုထားပါတယ်။
ဥရောပခေါင်းဆောင်များရဲ့ ထုတ်ပြန်ချက်မှာတော့ နေတိုးရဲ့ ဥရောပမဟာမိတ်များအနေနဲ့ အာတိတ်ဒေသကို ဦးစားပေးအဖြစ် သက်မှတ်ပြီး “ဘေးကင်းရန်နှင့် ရန်သူများကို ဟန့်တားရန်” အရှိန်မြှင့်လုပ်ဆောင်နေပါတယ်လို့ ပါရှိပါတယ်။
ဒါပေမဲ့ အဲ့ဒိကြေညာချက်မှာ ဂရင်းလန်ကို သိမ်းပိုက်လိုတဲ့ အမေရိကန်ရဲ့ရည်မှန်းချက်ကို ရှုတ်ချခြင်းမရှိဘဲ ၎င်းအား "အာတိတ်ဒေသလုံခြုံရေး" ကိုကာကွယ်ရာတွင် "မရှိမဖြစ်လိုအပ်သောမိတ်ဖက်" အဖြစ်ဖော်ပြပြီး "အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နယ်နိမိတ်ချိုးဖောက်ခြင်းအပါအဝင် ကုလသမဂ္ဂပဋိညာဉ် အခြေခံမူများကို လိုက်နာရန် ဝါရှင်တန်ကို တောင်းဆိုထားပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment