မင်းလှမြို့၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ




အထက်မင်းလှ  ၊ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်ပပြုလုပ်ခြင်းကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ မြို့နယ်အားကစားကွင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့တွင် ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် မူလတန်းအဆင့် အိတ်စွပ်ပြေး(ကျား/မ)ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပြေးခုန်ပစ် မီတာ (၁၅၀) ကျား/မပြိုင်ပွဲ၊ ဌာနဆိုင်ရာအမျိုးသမီးများ ဆန်ကောရွက်ပြိုင်ပွဲ၊ အပ်ချည်ထိုး၊ အာလူးကောက် အပြေးပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပခဲ့သည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပြေးခုန်ပစ်၊ အိတ်စွပ်ပြေးပြိုင်ပွဲများတွင် အ‌ခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသက် (၂၅)နှစ်အောက် အသင်း(၁၀)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များမှ ဆုရရှိသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


ဝင်းမြတ်(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)