မင်းဘူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ



မင်းဘူး  ၊ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင် ကိုယ်စား ဒုတိယဦးစီးမှူး ဒေါ်ခင်မီမီမောင်က မင်းဘူး(စကု)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူ ၁၃၃၆ ဦးရှိပြီး၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ လများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပြန်လည် ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များက မင်းဘူး(စကု)မြို့နယ်အတွင်း အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သည့် အိမ်ထောင်စုဝင်များအတွက် လူဦးရေ ၁၃၃၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး၊ ကျန်ရှိသော အိမ်ထောင်စုဝင်များအား ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)