အကျင့်ပျက်ခြစားမှု ဂယက်ထဲမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေ နုတ်ထွက်ခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

အကျင့်ပျက်ခြစားမှု ဂယက်ထဲမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေ နုတ်ထွက်ခွင့်ပြု

 


ဇန်နဝါရီ -၁၄ ( ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်းပါလီမန် ( ရာဒါ )မှာ လွှတ်တော်အမတ်များက ကာကွယ်ရေးဝန်ကြီး ဒန်နစ်ရှမီဂယ် ကို  ရာထူးမှ နုတ်ထွက်ရန် ခွင့်ပြု၊ မပြု မနေ့က မဲခွဲဆုံးဖြတ်ရာမှာ နုတ်ထွက်ခွင့်ပြုတဲ့ဘက်က အနိုင်ရသွားပါတယ်။

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီးတစ်ခု ဖြစ်ပွားပြီးနောက် ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက အစိုးရအဖွဲ့အပြောင်းအလဲလုပ်ရန် အမိန့်ပေးလိုက်တာကြောင့် ရှမီဂယ်က ရာထူးမှနုတ်ထွက်ခဲ့ပြီး ရာထူးနုတ်ထွက်မှု လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါတယ်။ 

အင်္ဂါနေ့လွှတ်တော်အစည်းအဝေးအတွင်း ရာဒါ အဖွဲ့ဝင်များက ရှိမီဂယ်ကို ရာထူးမှ ထုတ်ပယ်ခြင်းအား ထောက်ခံမဲ ၂၆၅ မဲဖြင့် ထောက်ခံခဲ့ပြီး အတည်ပြုချက်အတွက် လိုအပ်သော ၂၂၆ မဲ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ပါတယ်။ 

သမ္မတဇီလန်စကီး ရဲ့ ရင်းနှီးသောမဟာမိတ်ဖြစ်တဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းရေးဝန်ကြီး မီခေးလ်ဖီဒိုရော့ဗ် ကိုလည်း ထုတ်ပယ်ရန် လွှတ်တော်အမတ်များသည်လည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဇီလန်စကီးက စွမ်းအင်ဝန်ကြီးဌာနကို ဦးဆောင်ရန် ရှမီဂယ် ကို ခန့်အပ်ခဲ့ပြီး ဖီဒိုရော့ဗ် အား ကာကွယ်ရေးဝန်ကြီး အသစ်အဖြစ် အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်က အဆိုတင်သွင်းသူ ခြောက်မဲနှင့် ဆယ်မဲ အသီးသီး ပျက်ကွက်သဖြင့် ခန့်အပ်မှုနှစ်ခုကို အတည်ပြုနိုင်ခြင်း မရှိပေ။ ဗုဒ္ဓဟူးနေ့တွင် ထပ်မံမဲပေး မှာပါ။ 

အနောက်နိုင်ငံတွေက ထောက်လှမ်းရေးတွေ ပါတဲ့ ယူကရိန်းရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီများရဲ့ အဆိုအရ စွမ်းအင်ဝန်ကြီးက နိုင်ငံပိုင်နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom ၏ အဂတိလိုက်စားမှုအရှုပ်တော်ပုံကြောင့်  ရာထူးမှနှုတ်ထွက်ခဲ့သဖြင့် နိုဝင်ဘာလကတည်းက စွမ်းအင်ဝန်ကြီးနေရာ လှစ်လပ်ခဲ့ရပါတယ်။ ဇီလန်စကီးရဲ့ နှစ်ရှည်စီးပွားရေးလုပ်ဖော်ကိုင်ဖက် တီမာမင်ဒစ် ရဲ့ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ သန်း ၁၀၀ လာဘ်စားမှု နောက်ဆက်တွဲအဖြစ် တရားရေးဝန်ကြီး နဲ့ ဝန်ထမ်းရေးရာအကြီးအကဲ တို့လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။ 

ယူကရိန်း စုံစမ်းစစ်ဆေးသူများက ရာဒါအတွင်းရှိ မဲရောင်းတဲ့ ကွန်ရက်တစ်ခုပါ၀င်သည့် အခြားသော အကျင့်ပျက်ခြစားမှုအစီအစဉ်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)