Pages

Pages

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉)ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့် အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ



တောင်ငူ  ၊ ဇန်နဝါရီ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၉) ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့်အကြိမ်(၂၀)မြောက် အင်ဂျင်နီယာဘွဲ့၊ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ်အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များသည် အစီအစဉ်တိုင်း မြန်မာ့ဆိုင်းဖြင့် ရေခင်းသံတီးလုံးကို တီးမှုတ်၍ စင်မြင့်ရှိရာသို့ ရှေးရှုကြွရောက်သည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းမွန်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ ဌာနမှူးဆရာကြီး၊ ဆရာမကြီးများက ဘွဲ့ယူမည့်သူများကို ဒုတိယပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။ ဆက်လက်၍ ဒုတိယ ပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ (၁၈)ဦးနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူ (၁၁၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၄)ဦးအား  ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်း၍ ဘွဲ့ရသူ များအားဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment