Pages

Pages

အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်း ကလပ်ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ



အောင်မြေသာစံ  ၊ ဇန်နဝါရီ ၂၆

ဘော်လီဘောအားကစားဖွံဖြိုးတိုးတက်စေရေးနှင့် ထူးချွန်ထက်မြက်သော ဘော်လီဘော အားကစားသမားများ ပေါ်ထွက်စေရေးအတွက် အောင်သမာဓိနှင့်ရွှေတောညီအကိုများ၏ ပံ့ပိုးမှုဖြင့် စတုတ္ထအကြိမ်မြောက် မန်းအောင်ဆွေလင်းကလပ် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၄)လမ်း (၈၇-၈၈)လမ်းကြားရှိ မန်းအောင်ဆွေလင်း ဘော်လီဘောကလပ်တွင် ကျင်းပပြုလုပ်ရာ တတိယလုပွဲတွင် ဇေယျာသီရိ အသင်းက O-2 အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် မန်းအောင်ဆွေလင်းအသင်းက အောင်သမာဓိအသင်းကို လေးပွဲ-တစ်ပွဲဖြင့်လည်း‌ကောင်း အနိုင်ရရှိကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို မွန်းတည့် ၁၂ နာရီတွင်ကျင်းပရာ  ပထမဆုရ မန်းအောင်ဆွေလင်း အသင်းအား ငွေကျပ်သိန်း ၁၀၀ ကို တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက လည်းကောင်း၊ ဒုတိယဆုရ အောင်သမာဓိအသင်းအား ငွေကျပ် သိန်း ၅၀ ကို ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းကလည်းကောင်း၊ တတိယဆုရ ဇေယျာသီရိအသင်းအား ငွေကျပ် ၁၅သိန်းကို  အတွင်းရေးမှူး ဦးမြင့်ဆွေက လည်းကောင်း အသီးသီး ဆုများပေးအပ်ကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့  တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီတာန်ရှိသူများ၊ ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment