ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညို











နေပြည်တော်၊ ဇန်နဝါရီ ၁၈

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကျိုင်းတုံ မြို့၊ သီလဓမ္မကုန်းသာတောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ ဝစီပိတ်ဆရာတော်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။


လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း တည်ထား ကိုးကွယ်မည့် လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီးမြေကြီးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ပင်မစေတီတော်တည်ဆောက် ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီများတည်ဆောက်ခြင်း၊ပစ္စယံများကျောက်စီခြင်း ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌသည် စေတီတော်ကြီးတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ဝစီပိတ် ဆရာတော်ကြီး၏မိန့်ကြားမှုများအပေါ် လိုအပ်သည်များတင်ပြလျှောက် ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ရေယိုစိမ့် ခြင်း၊ ရေတိုက်စားခြင်းများ မဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကတည်းကပင် ရေဝင်၊ ရေထွက်နှင့် ရေထုတ်စနစ်များ စနစ်တကျဖြစ်စေရေး တွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရာသီဥတုဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေး အန္တရာယ်များ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက် လည်း တွက်ချက် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုလည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုးသွား ရန်လိုကြောင်း၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများခင်းကျင်းရာ၌လည်း ဒီဇိုင်း ရေးဆွဲပြီးမှသာ စနစ်တကျဖြင့် ခင်းကျင်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌသည် စေတီတော်ကြီးတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့် လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အဦများတည်ဆောက်ထားရှိမှုနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့် ဟောစံ သံဝေဇနိယ လေးဌာနတို့အား လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ရေရှည်တည် တံ့ ခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။


သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ် အားဖူးမြော် ကြည်ညို၍၊ သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီး တို့ကိုကပ်လှူပူ ဇော်ကြသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မဟာဗောဓိစေတီ တော်မြတ်ကြီး ဘက်စုံထိန်းသိမ်း ဆောင်ရွက်ရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ် ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော် ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။


ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် စေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော် အားထိုးခတ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ သည် ဗုဒ္ဓဥယျာဉ်တော် သီလဓမ္မ ကုသိုလ်ဖြစ်ဆေးခန်း ဆောင် ရွက်ထားရှိမှုနှင့်သီလဓမ္မဆေးရုံတော်တည်ဆောက်ထားရှိမှုအခြေအနေများကို ကြည့်ရှု ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သုခမှတ်စုပန်းခင်း နေရာနှင့် ဗုဒ္ဓဥယျာဉ်ပြတိုက်တို့အတွင်း လှည့်လည်ကြည့်ရှုကြသည်။


အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကာလက်ယာ ရစ်လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး စေတီတော်လှိုဏ်အတွင်း စကျင်ကျောက်များ ဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ရုပ်ပွားတော်မြတ်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။


ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ညပိုင်းတွင် ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြရာ ဂေါပက အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဘုရားကြီးအား သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီး တို့ကိုကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။


ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူ ဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ် ရေးထိုးပူဇော်သည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပ ပြုလုပ်သည့် (၄၂)ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်သို့ သွားရောက်၍ ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည် များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို လိုက် လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထု များ၊ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွဲကြသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)