ပေါက်ကိုယ်တော် ဦးဆောင်သော သာရိပေါက်ဝံသာနုပရဟိတအသင်း က ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ကိုယ်တော် ဦးဆောင်သော သာရိပေါက်ဝံသာနုပရဟိတအသင်း က ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်


မန္တလေး၊ ဇန်နဝါရီ ၁၆

ပေါက်ကိုယ်တော် ဦးဆောင်သော သာရိပေါက်ဝံသာနုပရဟိတအသင်း က  ယနေ့ (၂ဝ၂၆ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်များအား ပြတ်သားစွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သာရိပေါက်ဝံသာနုပရဟိတအသင်းသည်ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော်များအပေါ် ထိုးစစ်ဆင်သည့် အနေဖြင့် ထုတ်ပြန်သော လွဲမှားသည့် စွပ်စွဲချက်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ဤစွပ်စွဲချက်များသည် အခြေအမြစ် ကင်းမဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး တည်ဆောက်ရေး အားထုတ်မှုများကို ရည်ရွယ်ချိုးနှိမ်ရန် ရည်ရွယ်သည့် နိုင်ငံရေး စကားစစ်ပွဲတစ်ခုသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အစွန်းရောက် ASRA အပါအဝင် အဖွဲ့များ၏ စနစ်တကျ စီစဉ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်ထားသည့်အတိုင်း တိုင်းပြည်၏ အချုပ်အခြာအာဏာကိုကာကွယ်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် တရားဥပဒေ စိုးမိုးရေးကို ပြန်လည်ထူထောင်ရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မိမိကိုယ်ကိုကာကွယ်ခွင့်ရှိသော နိုင်ငံတစ်ခုကမျှ မိမိနိုင်ငံအတွင်း ဖြစ်ပွားသော ဤကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများကို သည်းမခံနိုင်ကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် ဒေသခံရခိုင်တိုင်းရင်းသား ပြည်သူများ အပါအဝင် မည်သည့်လူမျိုးဘာသာမဆို ပြည်သူလူထု၏ ဘဝနှင့်ပစ္စည်းကို ထိခိုက်စေသော အကြမ်းဖက်မှုများကို စနစ်တကျ မျက်ကွယ်ပြုထားပြီး၊ အာရှတိုက်အတွင်း ဗုဒ္ဓဘာသာဝင်များနှင့် အခြားသော ဘာသာရေးလူနည်းစုများ အပေါ် ဆက်တိုက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ဆက်လက်လျစ်လျူရှုနေဆဲဖြစ်ကြောင်း၊ ဤသို့ရွေးချယ်၍ စွပ်စွဲခြင်းသည် နိုင်ငံတကာ တရားမျှတမှုနှင့် လူ့အခွင့်အရေးကို ကာကွယ်သည့် မူဝါဒတွင် လုံးဝမတရားသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားသည်။

သာရိပေါက်ဝံသာနုပရဟိတအသင်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံ့ဂုဏ်သိက္ခာ၊ ရိုးရာယဉ်ကျေးမှုနှင့် ထေရဝါဒဗုဒ္ဓဘာသာအပေါ် ခြိမ်းခြောက်မှုများကို အထူးစိုးရိမ်မိကြောင်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာနှင့် ခွဲ၍မရပါကြောင်း၊ မြန်မာ့တပ်မတော်သည် ဤအမွေအနှစ်များကို ကာကွယ်ရန်အတွက်လည်း သမိုင်းတစ်လျှောက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ မည်သည့်နိုင်ငံကမျှ မိမိတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အချုပ်အခြာအာဏာအပေါ် မတရားစွပ်စွဲခြင်းကို သည်းမခံနိုင်ပါကြောင်း၊ ဂမ်ဘီယာနိုင်ငံက မှန်ကန်သော အချက်အလက်များအပေါ် အခြေမခံဘဲ၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လွဲမှားစွာ စွပ်စွဲခြင်းကို ရပ်တန့်ရန် တိုက်တွန်းပြောဆိုထားသည်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မညီမျှသော စွပ်စွဲချက်များထက် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူမှုစည်းလုံးညီညွတ်ရေးကို မြှင့်တင်ပေးမည့် တည်ငြိမ်ပြီး အချက်အလက်အပေါ် အခြေခံသော ဆွေးနွေးမှုများကို အားပေးသင့်ပါကြောင်း၊ သာရိပေါက်ဝံသာနုပရဟိတအသင်းသည် မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ၏ သံဃာတော်များအပေါ် ဂမ်ဘီယာနိုင်ငံ၏ မမှန်မကန် စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်နိမိတ်အချပ်အခြာ လုံခြုံရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ခွင့်ကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)