Pages

Pages

မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ ဆောင်းမြေပဲနှင့် ဆောင်းနေကြာ စိုက်ပျိုးဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးစီး


မိတ္ထီလာ  ၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ ဆောင်မြေပဲနှင့် ဆောင်းနေကြာ စိုက်ပျိုးဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံဆောင်းမြေပဲနှင့် ဆောင်းနေကြာစိုက်ပျိုးဧက ၃၂၁၆ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ဆီထွက်သီးနှံ ဆောင်းမြေပဲနှင့်ဆောင်းနေကြာများကို စိုက်ပျိုးလျက်ရှိသည်။ ထိုသို့စိုက်ပျိုးရာ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက  မြို့နယ်အတွင်းဆီထွက်သီးနှံဆောင်းမြေပဲနှင့် ဆောင်းနေကြာ စိုက်ဧကများသတ်မှတ်လျာထားသည့် အထွက်နှုန်းများရရှိစေရန် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ဆီထွက်သီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ အရင်းအနှီးလိုအပ်ချက်များ၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေ၊ မြေပြုရန်လိုအပ်မှု အခြေအနေများနှင့် ပိုးမွှာအန္တရာယ် နှိမ်နင်းနိုင်ရန် ကာကွယ်ဆေးများစသည့် လိုအပ်ချက်များသိရှိနိုင်ရန်ဆွေးနွေး၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံ ဆောင်းမြေပဲနှင့် ဆောင်းနေကြာများကို ဒေသခံတောင်သူများက စိုက်ပျိုးကြရာမှ ယနေ့အထိ ဆီထွက်သီးနှံဆောင်းမြေပဲနှင့် ဆောင်းနေကြာ စိုက်ပျိုးဧက ၁၃၇၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment