Pages

Pages

သံဖြူဇရပ်မြို့ ပငစျေး၌ မီးဘေးအန္တရာယ် ကင်းရှင်းရေးသွားရောက်စစ်ဆေး

 



သံဖြူဇရပ် ၊  ဇန်နဝါရီ ၁၉

မွန်​​ပြည်နယ်၊ သံ​ဖြူဇရပ်မြို့နယ် ပငကေးရွာရှိ ပငစျေးအားမီးဘေးအန္တရာယ် ကင်းရှင်းရေ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဌာနတို့ပါဝင်သည့် မီးဘေးလုံခြုံရေးအဖွဲ့ဖြင့်ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များမှ ပင စျေးအတွင်းရှိ စျေးဆိုင်ခန်းများ လေဝင်လေထွက်ကောင်းမွန်မှု အခြေနေ၊ ပစ္စည်းများစနစ်တကျ သိုလှောင်ထားရှိမှု၊ မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအကြောင်း အသိပေးပြောကြားပြီး၊

စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ကြိုးများ စနစ်တကျသွယ်တန်းထားမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ရ/မရ၊ Hydrunt ငုတ်များ တပ်ဆင်ထားမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment