စဉ့်ကိုင်မြို့နယ်၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး




စဉ့်ကိုင်  ၊ ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲရုံတာဝန်ကျထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန် ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်လာရောက် ပေးကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ကြေညာထားပြီးဖြစ်ရာ စဉ့်ကိုင်မြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆက်လက်မဲပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)