ဇန်နဝါရီ - ၁၆ ( သောကြာနေ့ )
ပြင်သစ်သမ္မတ အမ္မာနျူရာယ်မက်ခရွန် က ၎င်း၏ဥရောပမိတ်ဖက်များနှင့်အတူ ပြင်သစ်သည် တာဝေးပစ် လက်နက်အသစ်များ တီထွင်ဖန်တီးမှုကို အရှိန်မြှင့်ရမယ်လို့ ကတိပြုခဲ့ပြီး အဲ့လိုလုပ်တာက ရုရှားရဲ့ အိုရီရှနစ်ခ် ဒုံးတွေကို ရေတိုပါဝါချိန်ခွင်လျှာကို ပြောင်းလဲနိုင်တဲ့ နည်းပညာအောင်မြင်မှုတစ်ခုဖြစ်လာမယ်လို့ ဆိုလိုက်ပါတယ်။
ရုရှားစစ်တပ်သည် ပိုလန်နယ်စပ်အနီးရှိ F-16 နှင့် MiG-29 တိုက်လေယာဉ်များကို ဝန်ဆောင်မှုပေးနေတဲ့ ယူကရိန်းမြို့ အယ်လ်ဗစ်မြို့ရှိ ယူကရိန်းလေတပ်စက်ရုံကို တိုက်ခိုက်ရန်အတွက် ၎င်းရဲ့နောက်ဆုံးပေါ် အိုရီရှနစ်ခ် အသံထက်မြန်တဲ့ ဒုံးကျည်စနစ်အား ပြီးခဲ့တဲ့သီတင်းပတ်က အသုံးပြုခဲ့ပါတယ်။
"ကျနော်တို့နိုင်ငံတွေက အဲ့ဒိဒုံးရဲ့ ပစ်ခတ်မှုအကွာအဝေးအတွင်းတွင် ရှိနေပါတယ်"လို့ မက်ခရွန်က ကြာသပတေးနေ့တွင် လေတပ်အခြေစိုက်စခန်း၌ စစ်သားများအား မိန့်ခွန်းပြောခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ဥရောပတာဝေးပစ်လက်နက်ထုတ်လုပ်မှု နည်းပညာ ချဉ်းကပ်မှု (ELSA) လို့ခေါ်တဲ့ အစီအစဥ်နဲ့ အလားတူလက်နက်များ ရရှိရန် ကြိုးပမ်းနေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။
"အဲ့ဒိဒုံးတွေနဲ့ ရုရှားတွေရဲ့ တိုက်ခိုက်မှုကို ကျနော်တို့မြင်လိုက်ရပြီးနောက်မှာ ELSA လို့ခေါ်တဲ့ အစီအစဉ်ကနေ ကျနော်တို့ အိရီရှနစ်ခ်ကို ယှဉ်ပြိုင်ဖို့ တာဝေးပစ်ဒုံးတွေ ထုတ်လုပ်ဖို့လိုအပ်လာပြီ ဆိုတာကို သဘောပေါက်လာ ကြပါတယ်။ တာဝေးပစ်ဒုံးနည်းပညာတွေကသာ ရေတိုမှာဥရောပသားတွေက ရုရှားရဲ့လွှမ်းမိုးမှု အာဏာကို ချိန်ခွင့်လျှာညှိလို့ရမှာပါ ။ အဲ့ဒိလက်နက်ကို ကိုင်ကို ကိုင်ထားမှဖြစ်မှာပါ ”လို့ ပြောသွားပါတယ်။
"အထူးသဖြင့် ကျနော်တို့ရဲ့ ဂျာမန်နှင့် ဗြိတိန်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ယုံကြည်စိတ်ချရမှုကို တိုးမြင့်စေပြီး နျူကလီးယားတားဆီးကာကွယ်ရေးကို ပံ့ပိုးပေးရန်အတွက် အဲ့ဒိတာဝေးပစ်တိုက်ခိုက်မှုစွမ်းရည်များပေါ်တွင် ခိုင်မာသောတိုးတက်မှုကို လုပ်ဆောင်ရမှာပါ"လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ နှင့် ပိုလန် (နောက်ပိုင်းတွင် ဆွီဒင်၊ အီတလီ၊ ယူကေနှင့် နယ်သာလန်တို့က ပူးပေါင်းခဲ့) တဲ့ ၂၀၂၄ ELSA ပရိုဂရမ်သည် အသံထက်မြန်တဲ့ ဒုံးတွေကို မထုတ်လုပ်ရသေးသော်လည်း သမားရိုးကျ တာဝေးပစ် တိုက်ခိုက်မှုစွမ်းရည်များ တိုးတက်စေရန် မျှဝေထားပြီး ဥရောပကုန်ကျစရိတ်နှင့် စက်မှုအင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေပါတယ်။
ရုရှားက ၂၀၂၄ နိုဝင်ဘာလတွင် ယူကရိန်းနိုင်ငံ ဒနီပရို မြို့ရှိ လက်နက်စက်ရုံတစ်ခုကို အိရီရှနစ်ခ် နဲ့ ပထမဆုံး အကြိမ် အောင်မြင်စွာတိုက်ခိုက် နိုင်ခဲ့ပြီးနောက် ဒုံးတွေကို အများကြီးထုတ်လုပ်ကာ ဘီလာရုစ်နိုင်ငံမှာလည်း ဖြန့်ကျက်ထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment