ဇန်နဝါရီ - ၁၆ ( သောကြာနေ့)
မနေ့ကကျင်းပ ပြုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ ချီတက်ပွဲမှာ တတိယမျိုးဆက် တီ- ၉၀ တင့်ကားများ၊ ဗရာမို့စ် အသံထက်မြန်သော ခရုဇ်ဒုံးပျံများနှင့် ဆိုဗီယက်ခေတ်စချီကာ လေယာဉ်ပစ်သေနတ်များလို ရုရှားထုတ်လက်နက်များကို ပြသခဲ့ပါတယ်။
အိန္ဒိယ တပ်မတော်နေ့က ၁၉၄၉ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကိုဒန်ဒီယာ အမ် ကာရီယာပါ က အိန္ဒိယစစ်တပ် ရဲ့ ပထမဆုံးသော အိန္ဒိယစစ်ဦးစီးချုပ်ရာထူး ခန့်အပ်တဲ့ နေ့ကို အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပတာပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံး ဗြိတိသျှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖရန်စစ် ရွိုင်ဘူချာက ကာရီယာပါကို အဲ့ဒိနေ့မှာ တရားဝင် ရာထူး လွှဲပြောင်းပေးအပ်ခဲ့တာပါ။
အိန္ဒိယတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိန္ဒိယရဲ့ စစ်အင်အားကို ပြသခဲ့ပါတယ်။ အန္ဒိယစစ်တပ်ရဲ့ သတ္တိနှင့် အနစ်နာခံမှု အထိမ်းအမှတ်အဖြစ် အဲ့ဒိနေ့မှာ ဂုဏ်ပြုဆုများ ပေးအပ်ပါတယ်။
အဆိုပါ စစ်ရေးပြချီတက်ပွဲကို ဒေလီမြို့တွင် အစဉ်အလာအတိုင်း ကျင်းပခဲ့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ ကို လူထုကြားမှာ ရေပန်းစားအားကောင်းစေရန်အတွက် ပြီးခဲ့တဲ့နှစ်တွေကနေစပြီး အိန္ဒိနိုင်ငံက မြို့အသီးသီးမှာ ကျင်းပနိုင်အောင် စီစဉ်နေပါတယ်။
ကမ္ဘာ့အကြီးဆုံး ကာကွယ်ရေးပစ္စည်း တင်သွင်းသူများထဲမှ တစ်ခုဖြစ်သည့် အိန္ဒိယက အစဉ်အလာအားဖြင့် ရုရှားရဲ့ စက်ကိရိယာနှင့် နည်းပညာအတွက် အကြီးအကျယ် မှီခိုအားထားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ၎င်းရဲ့ဆောင်ပုဒ် 'Make in India' အစပျိုးမှုအောက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန် တွန်းအားပေးနေသောကြောင့် နယူးဒေလီနှင့် မော်စကိုတို့က လေကြောင်း၊ ရေတပ်နှင့် ဒုံးပျံ ပလပ်ဖောင်းများအတွက် နည်းပညာလွှဲပြောင်းမှုများ ပါဝင်မည့် ပရောဂျက်အသစ်များကို အရိပ်အမြွက် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်သုံး ဟာ့ဒ်ဝဲ ၆၀ ရာခိုင်နှုန်းခန့်က ရုရှားနွယ်ဖွားဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း လက်ရှိ စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment