ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး မြစ်ကြီးနား တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး မြစ်ကြီးနား တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

 



မြစ်ကြီးနား  ၊ ဇန်နဝါရီ ၁


၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ကြသည်။

ရှေးဦးစွာ ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် မြန်မာစာဘာသာရပ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ရာ မြန်မာစာဘာသာရပ်အသင်းက နှစ်ဂိုး/ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် အားကစားဌာနမှူးက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြသော ဒိုင်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များက အမျိုးသား/ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများအား လည်းကောင်း၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တတိယဆုရ အမျိုးသမီးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဒုတိယနှင့် ပထမဆုရအသင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပထမဆုအမျိုးသား၊ အမျိုးသမီးအသင်းတို့အတွက် တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)