Pages

Pages

ကန့်ဘလူမြို့နယ်၌ မိုးစပါးများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

 



ကန့်ဘလူ  ၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန်၊ ဒေသတွင်းစာနပ်ရိက္ခါဖူလုံစေရန်နှင့်ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ မိုးစပါး သီးနှံဧက ၁၅၀၉၈၆ ဧကအား စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်သီးနှံများမှာ မနောသုခ၊ ဧရာမင်း၊ ရွှေသွယ်ရင်၊ ပေါ်ဆန်းရင်၊ အောင်နိုင်တိုး၊ ဆင်းသုခ စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

၂၀၂၅- ၂၀၂၆ ခုနှစ်အတွင်း မိုးစပါးသီးနှံများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်မှစ တင်၍ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ မိုးစပါးစိုက်ဧက စုစုပေါင်း ၁၅၀၉၈၆ ဧကအား ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်းအနေ ဖြင့် တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း ၇၁ ဒသမ ၁၂ တင်းခန့်၊ စပါးတင်းပေါင်းအနေဖြင့် ၁၀၇၃၇၇၀၉ တင့်ခန့်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများ သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ထွက်ရှိအောင် မြေဆီလွှာအာဟာရဖြည့်တင်းခြင်း၊ ဓာတ်မြေဩဇာများ သုံးစွဲ ခြင်းကိုလျော့ချပြီး သဘာဝမြေဩဇာ ဖော်စပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာကာ မြေဆီ လွှာအာဟာရကို ဖြည့်တင်းဆောင်ရွက်နိုင်ခြင်း၊ တောင်သူများ တစ်ပိုင်တစ်နိုင် ကိုယ်တိုင်ထုတ်လုပ်သုံး စွဲနိုင်သည့် စူပါဘိုကာရှီမြေဆွေး အလွယ်တကူဖော်စပ်နည်းတို့ကို လက်တွေ့ပြုလုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment