လှိုင်မြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်မြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



လှိုင် ၊  ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ လှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင်  မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်သက်ခိုင်က  မဲရုံများ စနစ်တကျထားရှိ ပြင်ဆင်ထားရန်၊ လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မျိုးအောင်က ရွေးကောက်ပွဲကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အသီးသီးတင်ပြ မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် သက်ဆိုင် ရာတာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)