တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်




ထားဝယ်    ၊ ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၆)ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်က နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  လယ်ယာမြေတွင် အခြားနည်းသုံးစွဲမှုများ ရှိသလို မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွင် မွေးမြူရေးလုပ်ငန်းများ စသည်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများပြားကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မြိတ်မြို့တွင် ဆိုလာလုပ်ငန်းဆောင်ရွက်ရန်ရှိကြောင်း၊ ထားဝယ်အနေဖြင့် ယခုဆောင်ရွက်ပေးနေသော လျှပ်စစ်မီးသည် ယူနစ်ဈေးနှုန်းသက်သာပြီး မြိတ်မြို့တွင်ယူနစ်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် သော်လည်းကောင်း၊ ဒေသခံအနေဖြင့်သော်လည်းကောင်း စိတ်မကောင်းဖြစ်မိကြောင်း၊ မြိတ်မြို့တွင် ဆိုလာ ၂၀ မဂ္ဂါဝပ်ခင်းကျင်းကာ ယူနစ်ဈေးနှုန်းကျဆင်းအောင် ကြိုးစား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဖြစ်မြောက်အောင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆိုလာလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဇွန်ကန်လုပ်ငန်းများကိုလည်းဧက ၅၀ အောက် မွေးမြူနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေယာများကိုအခြားနည်းသုံးစွဲသည့် နေရာ၌ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်သည့် အခါအခက်အခဲဖြစ်နိုင်သောနေရာများအား  ဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းလယ်ယာမြေနှင့်ပတ်သက်၍ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)