ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီလရှင်များအား ဆွမ်းဆန်တော်နှင့်အခြေခံစားသောက်ကုန်များ လှူဒါန်း၊ စစ်တွမြို့တွင်း CCTV Camera များတပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သီလရှင်များအား ဆွမ်းဆန်တော်နှင့်အခြေခံစားသောက်ကုန်များ လှူဒါန်း၊ စစ်တွမြို့တွင်း CCTV Camera များတပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

Uploading: 2462583 of 2462583 bytes uploaded.


စစ်တွေ   ၊ ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့၌ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစား သောက်ကုန်များ လှူဒါန်းကြသည်။ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်တို့က စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များလှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းကြသည်။ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့တွင်း CCTV Camera များတတ်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် CCTV ထိန်းချုပ်ခန်းမှ မြို့တွင်းတတ်ဆင်ထားသည့် ကင်မရာမြင်ကွင်းများ၏ အခြေအနေအား ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ကင်မရာတပ်ဆင်ထားရှိမှုနှင့် မြင်ကွင်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တွင်း လမ်းမကြီးများ၊ လမ်းသွယ်များ၊ လမ်းဆုံများနှင့် လူသွားလူလာများသည့်နေရာများတွင် ဆိုလာစနစ်ဖြင့် CCTV ကင်မရာများ တတ်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။


တင်ထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)