Pages

Pages

မလှိုင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်မဲပေးလျက်ရှိ




မလှိုင်၊ ဇန်နဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိမဲရုံ(၆၄)ရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

ထိုသို့မဲပေးကြရာတွင် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မဲပေးစက်များဖြင့် လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုမဲပေးကြသည်။ မလှိုင်မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မဲရုံပေါင်း (၆၄)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၉၁၅၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။


#MNP #News

No comments:

Post a Comment