တောင်သာ၊ ဇန်န်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ မဲရုံများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နက်နံ၆နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာဖြင့်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာ ပါတီနှင့်ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ် မဲပေးကြသည် တောင်သာမြို့နယ်အနေဖြင့် ရပ်ကွက် ၆ ရပ်ကွက်တွင် မဲရုံ ၇ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၅၃၄၂ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)
#MNP #News



No comments:
Post a Comment