ကျုံဒိုးမြို့တွင် အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံပြုခြင်း မွမ်းမံသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံဒိုးမြို့တွင် အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံပြုခြင်း မွမ်းမံသင်တန်းဖွင့်လှစ်



ကော့ကရိတ်  ၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင်များအား အီလက်ထရောနစ်နည်းပညာပိုင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းမွမ်းမံသင်တန်းကို ယနေ့နံနက် ၉နာရီက ကျုံဒိုးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်မာဦးက မဲပေးစက်တပ်ဆင်ကိုင်တွယ်ပုံ နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာသူ သင်တန်းသားများမှ သိလိုသည်များမေးမြန်းဆွေးနွေးကြပြီး အီလက်ထရောနစ်မဲပေးစက်အား လက်တွေ့သရုပ်ပြသည်။မွမ်းမံသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မဲပေးစက်ကိုင် သင်တန်းသားများ တက်ရောက်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)