ပုဇွန်တောင်၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် တာဝန်ရှိသူများသည် အပိုင်း(၂)အဖြစ် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံများ ခင်းကျင်းထားရှိမှုနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား မဲဆန္ဒရှင်ပြည်သူများ အချိန်တိုအတွင်း မဲပေးနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲများ ပေးနိုင်စေရန်အတွက် လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ချုပ်ရေးများ၊ ရပ်ကွက် စာရေးများနှင့်မြို့နယ်နေပြည်သူများ စုပေါင်း၍ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
ဟန်စုယဉ်
#MNP #News





No comments:
Post a Comment