အီရန်ပြည်တွင်းရေးက အလွန်အမင်းကို မငြိမ်မသက်ဖြစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ပြည်တွင်းရေးက အလွန်အမင်းကို မငြိမ်မသက်ဖြစ်နေ



ဇန်နဝါရီ - ၂ ( သောကြာနေ့ ) 

အီရန်နိုင်ငံသည် ကာလရှည်ကြာ စီးပွားရေးအကျပ်အတည်း နဲ့ နိုင်ငံတော်၏ ငွေကြေးမငြိမ်မသက်မှုများကြောင့် လူထုဆန္ဒပြပွဲများ အရှိန်အဟုန်နဲ့ ကြုံတွေ့နေရပါတယ်။ ဆူပူအုံကြွမှုနောက်ကွယ်မှာ အစ္စရေးမော့ဆက်သူလျှို အေဂျင်စီက ဆန္ဒပြသူများနှင့်အတူ ရောယှက်နေတယ်လို့ အီရန်ထောက်လှမ်းရေး အဖွဲ့တွေက ဆိုပါတယ်။  

မနှစ်က အမေရိကန် ၁ ဒေါ်လာကို အီရန်ငွေ ရီယယ် ၈သိန်းခွဲကျော် ပေါက်နေရာက ဒီနှစ်ထဲမှာ ၁သန်းခွဲ လောက်ပေါက်နေလို့ အီရန်ကုန်သည်တွေက သပိတ်မှောက်ကုန်ကြပြီး တာဝန်ရှိသူတွေက စီးပွားရေး ပြဿနာတက်နေပြီ ဆိုပြီး ပြောလာကြပါပြီ။ 

မော့ဆက်သူလျှိုအေဂျင်စီက ဆန္ဒပြသူများကို အီရန်ရဲ့ ဖာဆီ ဘာသာစကား အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်တွင် အားပေးမှုများလုပ်နေပြီး ဆူပူအုံကြွမှုကို အစ္စရေးက ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ပါတယ်။ ဆန္ဒပြသူ လူအုပ်ထဲတွင် ၎င်းရဲ့အေးဂျင့်များကို မြှုပ်နှံထားကြောင်းလည်း ပြောပါတယ်။ “လမ်းတွေပေါ် အတူတူထွက်လိုက်ပါ။ အချိန်ကျပြီ။ ငါတို့က မင်းနဲ့အတူရှိတယ်” လို့ မော့ဆက်က ရေးသားခဲ့ပါတယ်။ "ငါတို့က အဝေးကနေ စကားလုံးတွေနဲ့ ထောက်ခံနေတာမဟုတ်ဘူး။ ငါတို့လည်း မင်းနဲ့အတူ မြေပြင်မှာ ရှိနေတယ်" လို့ရေးတင်ထားပါတယ်။ 

ဆူပူအုံကြွမှုများသည် နိုင်ငံတစ်ဝှမ်းရှိ မြို့အများအပြားသို့ ချက်ချင်းပျံ့နှံ့သွားပြီး နိုင်ငံရေးအသွင်ပြောင်းကာ ဆန္ဒပြသူအချို့က ၁၉၇၉ ခုနှစ် အစ္စလာမ့်တော်လှန်ရေးကြောင့် ဖြုတ်ချခံခဲ့ရတဲ့ ဘုရင်စနစ်ကို ပြန်လည်ထူထောင်ရန် တောင်းဆိုခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲများသည် နေရာအများအပြားတွင် ပြင်းထန်လာခဲ့ပြီး အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် အတည်မပြုနိုင်သော ဗီဒီယိုဖိုင်များက အီရန်၏ ထိပ်တန်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ချိတ်ဆက်ထားသော အစိုးရ အဆောက်အဦများကို တိုက်ခိုက်ခြင်းနှင့် ဆန္ဒပြသူများက မီးရှို့နေသည်ကို မြင်တွေ့ခဲ့ရပါတယ်။ 

IRGC အတွင်းရှိ အရံပြည်သူ့စစ်ဖြစ်သည့် ဘာစီ ရဲ့ အခြေစိုက်စခန်းတစ်ခုကို အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ချေနာရေ့ မြို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် အတည်မပြုနိုင်သော ဗီဒီယိုဖိုင်တွင် လူအုပ်ကြီးက အဆောက်အအုံအတွင်းမှာ မီးတောက်များနှင့်အတူ အခြေစိုက်စခန်း၏ အဆောက်အအုံကို ဖောက်ဖျက်နေတာကို မြင်တွေ့ရပါတယ်။ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)