အသိပညာ၊ အတတ်ပညာ အားနည်းသည့်အချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အသိပညာ၊ အတတ်ပညာ အားနည်းသည့်အချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယမန်နေ့က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် အသိပညာ၊ အတတ်ပညာ အားနည်းသည့်အချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဗိုလ်ချုပ်မှူးကြီးက မိမိတို့နိုင်ငံဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရေးအခင်းများ၊ ပဋိပက္ခများ၊ ဆူပူမှုများ၏ အကြောင်းအရင်းကိုကြည့်မည်ဆိုပါ က အသိပညာ၊ အတတ်ပညာ အားနည်းသည့်အခြေခံအချက်ဖြစ်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့မှုများကြောင့် ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာပေါင်းဒေသတွင် နေထိုင်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းကို အားပေးဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောသည်။

ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ အပိုင်း(၂) နှင့် အပိုင်း(၃)ကို မကြာမီအချိန်အတွင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင် ဒေသအကျိုး၊ နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကိုဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပချိန်တွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ပြီး ကောင်းမွန်သည့် သုံးသပ်ချက်များရရှိခဲ့ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလိုသူ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲများပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ကောင်းမွန်သည့်သူ၊ ပညာတတ်သည့်သူ၊ ဒေသနှင့် နိုင်ငံ့အကျိုးဆောင်ရွက်ရန် အတွက်အတွေ့အကြုံရှိသည့်သူများကို ရွေးချယ်နိုင်ကြရန်လိုကြောင်းဖြင့်ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် မြို့မိမြို့ဖများက သာပေါင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ပေးစေလိုမှု၊ သာပေါင်းမြို့အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်ပေးစေလိုမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)