ဇန်နဝါရီ - ၇ ( ဗုဒ္ဓဟူးနေ့ )
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးပြီး ရက်ပိုင်းအကြာတွင် ဗင်နီဇွဲလားနိုင်ငံအနေနဲ့ အမေရိကန်ကို ရေနံစည်ပေါင်း သန်းကို ဆယ်ဂဏန်းနဲ့ ချီပြီး လွှဲပြောင်းပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဗင်နီဇွဲလားကြားဖြတ်အစိုးရအနေနဲ့ အမေရိကန်ကို အရည်အသွေးမြင့် ရေနံစည် သန်း ၃၀ မှ သန်း ၅၀ ကြား အမေရိကန်အား ပေးဆောင်ရမယ်လို့ ထရမ့်က"ဒီရေနံကို စျေးကွက် ပေါက်ဈေး နဲ့ ရောင်းချမှာဖြစ်ပြီး အဲဒီငွေတွေကို ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်သူတွေ အကျိုးရှိစေဖို့ အသုံးပြုကြောင်း သေချာစေဖို့ အမေရိကန်ပြည်ထောင်စု သမ္မတအနေနဲ့ ဒီငွေတွေကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်" လို့ သူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ အမေရိကန်က ရေနံကို ဘယ်အချိန်မှာ လက်ခံမယ်ဆိုတာ မသေချာပေမယ့် ရေနံတင်သင်္ဘောတွေပေါ်ကနေ အမေရိကန်ကို ယူဆောင်သွားမှာလို့တော့ သိရပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ်ရိုက် က အဆိုပါအစီအစဉ်ကို ချက်ချင်းအကောင်အထည်ဖော်ရန် တောင်းဆိုထားကြောင်း ထရမ့်ကပြောပါတယ်။
ဗင်နီဇွဲလားဘက်ကတော့ အဲ့ဒိကိစ္စကို အတည်ပြုနိုင်ခြင်းမရှိသေးသလို ကြေညာချက်ရဲ့တရားဝင်မှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗင်နီဇွဲလားတွင် ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တစ်ခုရှိနေပါတယ်။ အမေရိကန် စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက် အာဏာပိုင်အဖွဲ့ ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ အမေရိကန်က တစ်ရက်လျှင် ရေနံစည် ၂၀၊ ၂၅ သန်း ပျမ်းမျှ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
REF: UPI
#MNP #News

No comments:
Post a Comment