ဇန်နဝါရီ - ၁ ( ကြာသပတေးနေ့)
၂နှစ်ကြာမြင့်ခဲ့တဲ့ စစ်ပွဲကြောင့် ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေအနေ၊ ရက်စက်ကြမ်းကြုတ်သော ဆောင်းရာသီနှင့် ကျယ်ပြန့်သော ရေကြီးရေလျှံမှုများကြားတွင် ဂါဇာကမ်းမြောင်ဒေသမှ နေထိုင်သူများသည် နှစ်သစ်အတွက် ၎င်းတို့၏ မျှော်လင့်ချက်များကို မျှဝေခဲ့ကြသည်။
အင်္ဂါနေ့တွင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွင် ဂါဇာစီးတီးအလယ်ပိုင်းရှိ အယ်လ် ရီမော ကုန်သွယ်ရေးဧရိယာ အတွင်း လမ်းလျှောက်လာနေသည့် ပါလက်စတိုင်းလူမျိုးများသည် ပတ်ဝန်းကျင်ဧရိယာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးနေသော်လည်း အသက်ပြန်ရှင်လာကြောင်း ပြသနေပါတယ်။
ပြန်လည်တည်ဆောက်ရေး၊ နေရေးထိုင်ရေး တိုးတက်မှုနှင့် ပညာရေး တို့ကို စစ်ပွဲနှစ်နှစ်ကြာပြီးနောက် ပါလက်စတိုင်းသားများ ကျောင်းပြန်တက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ကလေးတွေအတွက် ပညာရေးနဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အခု ကလေးတွေက လမ်းတွေပေါ်မှာ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေတာကြောင့်လို့ ဒေသခံတဦးက ပြောပါတယ်။
REF: NDTV
#News #MNP #International



No comments:
Post a Comment