ဟားမတ်စ် အကြမ်းဖက်တွေတောင် လက်နက်စွန့်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားမတ်စ် အကြမ်းဖက်တွေတောင် လက်နက်စွန့်ပြီ


ဇန်နဝါရီ - ၂၃ ( သောကြာနေ့ ) 

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ ဟားမတ်စ် က သူတိုရဲ့ ခေါင်းဆောင်များ ဂါဇာမှ လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့် နဲ့ နိုင်ငံရေး လှုပ်ရှားမှု တခုတည်း အသွင်ကူးပြောင်းရေး အတွက် လက်နက်များစွန့်လွှတ်ရန်  သဘောတူညီခဲ့ကြောင်း Sky News Arabia သတင်းဌာန က ဖော်ပြပါတယ်။

အမည်မဖော်လိုတဲ့ ပါလက်စတိုင်းသတင်းရင်းမြစ်ကို ကိုးကားပြီး ဟားမတ်စ်သည် ၎င်းရဲ့မြေအောက်ဥမင် လိုဏ်ခေါင်းကွန်ရက်အတွင်းရှိ လက်နက်အချိုနှင့် မြေပုံအချိုကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော ယန္တရားတစ်ခုမှ တစ်ဆင့် အမေရိကန်သို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပါလက်စတိုင်းသတင်းရပ်ကွက်က မနေ့က အခိုင်အမာ ပြောထားပါတယ်။ 

အပြန်အလှန်အားဖြင့် အမေရိကန်က ဂါဇာတွင် ဟားမတ်စ်များကို နိုင်ငံရေးတွင် ဆက်လက်ပါဝင်ခွင့်ပြုမယ်လို့ အာမခံထားပြီး ၎င်းရဲ့ဗျူရိုကရက်များနှင့် ရဲအရာရှိအချိုကို "အစ္စရေး-အမေရိကန် လုံခြုံရေးစစ်ဆေးမှု" ကို ကျော်ဖြတ်နိုင်ပါက အစိုးရအသစ်အတွင်း လုပ်ဆောင်ခွင့်ပေးမယ်လို အာမခံထားပါတယ်။ 

ဟားမတ်စ်ခေါင်းဆောင်များကို ဂါဇာကမ်းမြောင်မှ ထွက်ခွာခွင့်ပြုမယ်လို့ အမေရိကန်က အာမခံထားပြီး အနာဂတ်မှာလည်း အစ္စရေးက သူတိုကို နိုင်ငံခြားတိုင်းပြည်တွေမှာ လိုက်လံဖမ်းဆီးမှာ မဟုတ်ဘူး လို့လည်း အခိုင်အမာပြောထားပါတယ်။  ဟားမတ်စ်နှင့် အမေရိကန်တို့ရော အဲ့ဒိသတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ အစ္စရေးက တုံပြန်ခြင်းမပြုသော်လည်း “အစ္စရေးသည် သဘောတူညီမှုများစွာ အတွက် သိသာထင်ရှားသော ကန့်သတ်ချက်များရှိကြောင်း၊ အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်များ ကို နိုင်ငံရေးအရ ဆက်လက်လှုပ်ရှားခွင့်ပြုမယ်ဆိုတဲ့ အပိုဒ်ကို လက်မခံနိုင်ကြောင်း ဆိုထားပါတယ်။ အစ္စရေးရဲ့ နှစ်နှစ်ကြာ စစ်ပွဲအတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်များ ကို “လုံးဝ ဖျက်ဆီးပစ်ရန်” အကြိမ်ကြိမ် ကတိပြုထားတာရှိပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)