ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး






ဒဂုံအရှေ့၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)၌ မဲဆန္ဒရှင်ပြည်သူများ နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ မဲရုံများ၌ စိတ်အေးချမ်းစွာလာရောက် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆန္ဒမဲပေးရာတွင် နံနက်(၆)နာရီအချိန်၌ မဲရုံမှူးများက မဲရုံများဖွင့်လှစ်ပေးပြီးနောက် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်များဖြင့် လျှို့ဝှက်ဆန္ဒပြုခန်းတွင် နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်‌စွာရွေးချယ်ဆန္ဒပြုကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၄၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စု၌ မဲရုံ(၉၆)ရုံထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူစုစုပေါင်း (၁၁၆၃၀၄)ဦးရှိကြောင်း သိရသည်။


ဇွဲမင်းထက်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)