နေပြည်တော်၊ ဇန်နဝါရီ ၁၅
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လေရှီးမြို့သို့ ရောက်ရှိစဉ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ခုနှစ်၊ ယနေ့ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၆ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားကို စတင်ကျင်းပပြုလုပ်ခဲ့ရာ အစီအစဉ်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် မိမိတို့နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုစည်းတည်ဆောက်ထားသော ပြည်ထောင်စုကြီးဖြစ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် နာဂတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သမိုင်းဝင်အစဉ်အလာများသည် နိုင်ငံတော်အတွက် ဂုဏ်ယူ ဖွယ်ရာအစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ ခမ်းနားသော ဦးခေါင်းအဆင်တန်ဆာများ၊ ရိုးရာအကများ အားလုံးတို့သည်လည်း ပြည်ထောင်စုကြီးကို ပိုမိုပြည့်စုံစေပါကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုခိုင်မာအောင်တည်ဆောက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ်ကို အခြေ ခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်အတွက် တိုင်းရင်းသားအားလုံး၏ စည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းရေးကို လိုလားမှုနှင့်ပူးပေါင်းပါဝင်မှုတို့သည် အဓိကသော့ချက်ဖြစ်ပါကြောင်း၊
နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက် လိုအပ် သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း(၅၃)ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း (၂၀၈)ခု တို့ကို နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ နာဂဒေသ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားထုတ်ကုန်လုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅)ဘီလီယံကိုလည်း အရင်းအနှီးမတည်ပေးနိုင်ခဲ့ပါကြောင်း၊ နာဂဒေသ တည်ငြိမ်အေးချမ်းမှု ရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် အလွန် အရေးကြီးပြီး နာဂဒေသရှိ ပြည်သူများက အဆိုပါတည်ငြိမ်အေးချမ်းမှုမပျက်ယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် အရှည်ပေ (၂၆၂၈) ပေရှိသံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)အား ဆောက်လုပ်ပေးနိုင်ခဲ့သည့် အတွက် ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်တို့နှင့် နာဂဒေသတို့၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာသည့်အတွက် ကုန်စည်းစီးဆင်းမှုများ ပိုမိုမြန်ဆန်လာပြီး ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလာတော့မှာဖြစ်ကြောင်း၊
ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဒေသ၏ ရေမြေသဘာဝနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း ပြောင်းလဲလာ သည့် ရာသီဥတုနှင့်အညီ စိုက်နည်းစနစ်များ ရွေးချယ်ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် သီးနှံစိုက်စွမ်းအားတိုးမြှင့်စေရန် လယ်ယာပေါ်တွင် သီးထပ်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ နာဂဒေသအနေဖြင့် ရွှေ့ပြောင်းတောင်ယာ စနစ်မှသည် ခေတ်မီလှေကားထစ် လယ်ယာစနစ်သို့ ပြောင်းလဲဖော်ဆောင်ရန် လိုအပ်လျက် ရှိသည့်အပြင် ရေမြေသဘာဝနှင့် ကိုက်ညီသည့် ဝဥ၊ လက်ဖက်၊ မက်မန်း၊ ထောပတ်၊ ဂရိတ်ဖရု၊ လိမ္မော်စသည့် နှစ်ရှည်သီးနှံများကို ဒေသထွက်ကုန်အဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးလာစေရန် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသထွက်ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ပါက ဒေသတွင်းစီးပွားရေး ပိုမိုခိုင်မာလာမည် ဖြစ်ပါကြောင်း၊ အမယ်မျိုးစုံ ထုတ်လုပ်ခြင်းထက် အမယ်တစ်မျိုးခြင်းစီကို အရည်အသွေးရှိရှိ ပမာဏများစွာ ထုတ်လုပ်ရန် လည်းလိုအပ်ပါကြောင်း၊
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍသည် ဒေသဖွံ့ဖြိုးရေး၏ အသက်သွေးကြော ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး ချမှတ်ပေးထားသောပညာရေး မူဝါဒများ ဖြစ်သည့် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ကြားခွင့်ရရှိရေး၊ ကျောင်းနေမြဲရေး နှင့် အတန်းစဉ်ကူးပြောင်းနှုန်း ပိုမိုကောင်းမွန်စေရေး ပညာသင်နှစ်မကုန်မီ ကျောင်းထွက်နှုန်းလျော့ ချရေး၊ နိုင်ငံသားတိုင်းအခြေခံပညာအဆင့်လိုက် သတ်မှတ်ကာလအတွင်း(KG + မှ Grade 9) ပြီးမြောက် စေရေးတို့ကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူ များက ဝိုင်းဝန်းအားပေးဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ဒေသတွင်း ဆေးရုံ၊ ဆေးခန်းများ၌ ဆရာဝန်နှင့် သူနာပြုများခန့်ထားပေးခြင်း၊ ဆေးဝါးပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများရှိခဲ့သည်ကို ဒေသတွင်းနေတိုင်းရင်းသားပြည်သူများ သိရှိပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အုပ်ချုပ်မှု အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသားပြည်သူများ အားလုံးကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊
နိုင်ငံအတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ လ ၁၁ ရက် နေ့တွင်လည်းကောင်း အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နာဂဒေသတွင်လည်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုကျင်းပခဲ့ရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် နောင်ဖြစ်ပေါ်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်ကူး အမှာစကား ပြောကြားပြီး နာဂတိုင်းရင်းသားတစ်ဦးမှ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းအား ဖတ်ကြားရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီ နာယက ဦးလှထွန်းနှင့် မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစံမြတို့က နှစ်သစ်ကူး အမှတ်တရလက်ဆောင်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး ပစ္စည်းများကို ပေးအပ်ခဲ့ရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများကလက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာကြသည့် နာဂတိုင်းရင်းသားမျိုးနွယ်စုများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ အမှတ်တရမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဝင်များသည် ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဝင်များသည် လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓ သာသာနာပြု(ဗဟို)ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ တောင်တန်းသာသနာပြု(ဗဟို) ခေါင်းဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿနအား သွားရောက် ဖူးမြော် ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အတူ လေရှီးမြို့၊ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်၍ သိက္ခာတော်ရ ဆရာတော် ဦးစေးဖောက်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဝင်များသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံ သို့ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများအား ပေးအပ်ခဲ့သည်။
ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လေရှီးမြို့ အိမ်တွင်းမှု သင်တန်းကျောင်းနှင့် လူငယ်သင်တန်းကျောင်းများသို့သွားရောက် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ နာဂရိုးရာ ယဉ်ကျေးမှု မီးပုံပွဲသို့တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့်အတူပါဝင်ဆင်နွှဲသည်။ ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် လေရှီးမြို့နယ်၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ တို့က နာဂရိုးရာယဉ်ကျေးမှုမီးပုံပွဲကို မီးထွန်းညှိဖွင့်လှစ်ပေးခဲ့ကြပြီး နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြကာ နာဂမျိုးနွယ်စု အက အဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
အလာများ၊ အဆိုပါနာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ် ယဉ်ကျေးမှုအမွေအနှစ်များမပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှုအနုပညာများကိုဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင်ဆောင် ရွက်ရန်၊ နာဂ တိုင်းရင်းသား လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည် မှုများ ပိုမိုရရှိ လာနိုင်စေရန်၊ နာဂဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်းရင်းသားများ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ စိတ်ဝင်တစားဖြင့် လာရောက် ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျော်ရွှင်စွာဖြင့် အတူတကွပါဝင်ဆင်နွှဲလေ့ရှိကြောင်း သတင်းရရှိသည်။
#MNP #News


No comments:
Post a Comment