ဂျပန်လူလိမ်တွေက ကုမ္ပဏီပိုင်ရှင်ပုံစံမျိုး နဲ့ စာပို့ပြီး လိမ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန်လူလိမ်တွေက ကုမ္ပဏီပိုင်ရှင်ပုံစံမျိုး နဲ့ စာပို့ပြီး လိမ်နေ




ဇန်နဝါရီ - ၁၉ ( တနင်္လာနေ့ ) 

လိမ်လည်သူများသည် ကုမ္ပဏီဥက္ကဋ္ဌများနှင့် အခြားအကြီးတန်းအမှုဆောင်အရာရှိများလို အယောင်ဆောင်ကာ အီးမေးလ်ဖြင့် လုပ်ငန်းလမ်းညွှန်ချက်အတုများ ထုတ်ပြန်တဲ့ လိမ်လည်လှည့်စားမှုများသည် လျင်မြန်စွာ တိုးများလာနေကြောင်း ရဲတပ်ဖွဲရဲ့အဆိုအရ သိရပြီး အချို့သောကုမ္ပဏီများသည် ရလဒ်အနေဖြင့် ယန်း ၁၀၀ သန်း (ဒေါ်လာ ၆၃၅,၀၀၀) ကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

လူလိမ်တွေက စာရင်းကိုင်ဝန်ထမ်းများလို ဝန်ထမ်းများကို ပစ်မှတ်ထားကြပါတယ်။ ကုမ္ပဏီ အမှုဆောင်များနဲ့ သူတိုရဲ့ စာရင်းကိုင်ဝန်ထမ်းများက  ဆွေမျိုးနီးစပ်မှုကြောင့် အဲ့လိုမျိုး အသေးစားနှင့် အလတ်စား ကုမ္ပဏီများ အများဆုံး အလိမ်ခံကြရပါတယ်။ အမျိုးသားရဲအေဂျင်စီက ဗဟိုစီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အခြားအဖွဲ့များမှတစ်ဆင့် သတိထားရန် တိုက်တွန်းထားပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါအီးမေးလ်များသည် ကုမ္ပဏီဥက္ကဋ္ဌ သိုမဟုတ် ဥက္ကဋ္ဌတစ်ဦး၏ အမည်အောက်တွင် ရောက်ရှိလာလေ့ရှိပြီး စာရင်းကိုင်ဝန်ထမ်းများထံ မကြာခဏ ပေးပို့လေ့ရှိပါတယ်။ အီးမေးလ်တွေကလာတဲ့ သတင်းစကားအများစုက  ပုံမှန်အားဖြင့် “စီးပွားရေးလုပ်ဖော်ကိုင်ဖက်အသစ်” သို့မဟုတ် “ပရောဂျက်နှင့် ပတ်သက်သည့်ကိစ္စများ”နဲ့ ပတ်သက်ပြီး နောက်ထပ်ဆက်သွယ်မှုများအတွက် chat group တစ်ခုတည်ထောင်ရန် လက်ခံသူများအား ညွှန်ကြားထားတာတွေပဲဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလလယ်မှ ဇန်နဝါရီ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိမ်လည်မှု ၃၉ ခုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီး အမှုပေါင်း ၁၆ မှုမှာ အမှန်တကယ် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ စုစုပေါင်း ဆုံးရှုံးမှုပမာဏမှာ ယန်း ၅၄၀ ခန့်ရှိတယ်လို့ လုံခြုံရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ရပ်တစ်ခုဆိုရင် ကန်တိုဒေသရှိ သွင်းကုန်ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်းတစ်ဦးဆီကို ကုမ္ပဏီဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသူထံမှ ၎င်းတို့၏ ကုမ္ပဏီအီးမေးလ်လိပ်စာသို့ မက်ဆေ့ ပေးပို့လာပါတယ်။ ဝန်ထမ်းက Line chat group တစ်ခုကို ဖန်တီးပြီး သတ်မှတ်ထားသော လက်ခံသူထံသို့ QR ကုဒ်ကို ပေးပိုခဲ့ပြီး၊ chat မှတစ်ဆင့် မက်ဆေ့များ ဖလှယ်ခဲ့ပါတယ်။ လွှဲအပ်ငွေအဖြစ် ဘဏ်အကောင့်တစ်ခုသို့ ယန်းသန်း ၃၀ ခန့် လွှဲပြောင်းပေးခဲ့ပါတယ်။ ဝန်ထမ်းက နောက်ပိုင်းမှာ ကုမ္ပဏီပိုင်ရှင်နဲ့ စစ်ဆေးပြီးမှသာ လိမ်လည်မှုကို တွေ့ရှိခဲ့တာပါ။


REF: Japan Times

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)