Pages

Pages

သီပေါမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ




သီပေါ  ၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံးပါဝင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ယနေ့နံနက် ၈ နာရီက ဝက်ဝံယာယီပျံကျဈေး၌ ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ၊ လမ်းသွား၊ လမ်းလာ ပြည်သူများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ဖြင့်သွားလာနေသော ပြည်သူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အဆိုပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment