Pages

Pages

မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး ကျိုင်းတောင်းမြို့သို့ MEVM မဲပေးစက်နှင့်မဲရုံသုံးပစ္စည်းများပို့ဆောင်



မိုးနဲ  ၊ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျိုင်း‌တောင်းမြို့သို့ စနစ်တကျဖြန့်ဝေပို့‌ဆောင် ပေးခဲ့ကြသည်။

ထိုသို့ ဖြန်ဝေပို့ဆောင်ရာတွင် လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ကျိုင်းတောင်းမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မဲရုံအလိုက် မြန်မာအီလက်ထရောနစ် မဲ‌ပေးစက် MEVM များနှင့် မဲရုံသုံးပစ္စည်းများကို စနစ်တကျ ထုတ်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကျိုင်းတောင်းမြို့သို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

အဆိုပါ စက်များထုတ်ပေးရာတွင် ကျိုင်းတောင်းမြိုအတွင်းရှိ မဲရုံ စုစုပေါင်း ၁၆ ရုံတို့ အတွက် MVEM မဲပေးစက် ၈၇ လုံး၊ အရန်မဲပေးစက် ၁၁ လုံး၊ စုစုပေါင်း မဲပေးစက် ၉၈ လုံးနှင့် မဲရုံသုံးပစ္စည်းတို့ကို ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment