ဒေးဒရဲ ၊ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဓနှုံးကုန်းကျေးရွာ၊ ရတနာသိင်္ခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိက္ခဓမ္မ၏ သက်တော် (၅၁) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူအဖြစ် တည်ဆောက်လှူဒါန်းခဲ့သည့် ဓနှုံးကုန်းကျေးရွာအုပ်စုနှင့် မရမ်းဝကျေးရွာအုပ်စု ကျေးရွာချင်းဆက် ထာဝရသုခတံတား ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တံတားဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် ဘဒ္ဒန္တတိက္ခဓမ္မ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။ ထို့နောက် တံတားဖြစ်မြောက်ရေး ပါဝင်လှူဒါန်းပေးခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment