ရွှေဘိုမြို့၌ CNG/LPG ဓါတ်ငွေ့အရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့၌ CNG/LPG ဓါတ်ငွေ့အရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး



‎ရွှေဘို  ၊ ဇန်နဝါရီလ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့နယ်အတွင်းရှိ CNG/LPG ဓာတ်ငွေ့ အရောင်းဆိုင်များမှတစ်ဆင့် မီးလောင်မူနှင့် ထိခိုက်ဆုံးရှုံးမူများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်(၁၀)နာရီတွင် ရွှေဘိုခရိုင်မီးသတ် ဦးစီးမှူလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည်  ရွှေဘိုမြို့နယ်အတွင်းရှိ  LPG ဓာတ်ငွေ့အရောင်းဆိုင်(၃)ဆိုင်သို့ သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမူအား စစ်ဆေးပြီး မီးလောင်မူဖြစ်ပွားနိုင်သည့် အကြောင်းရင်းနှင့် မီးငြှိမ်းသတ်နည်းများအား အကြံပြုခဲ့ကာ မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့ပါကြောင်းသိရသည်။

‎ထိုသို့မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)