ဇီးကုန်း ၊ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်သော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ်အတွင်းရှိ တောင်သူများအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားနဲ့ သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဆောင်ရွက်ကြရန်၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် စိုက်ပျိုးနိုင်တဲ့နည်းလမ်းများဖြစ်တဲ့ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း နည်းလမ်း(၃)မျိုးအနက် Drum Seeder နဲ့ စိုက်ပျိုးခြင်းက ကုန်ကျစရိတ်အနည်းဆုံးဖြစ်ပြီး အလွယ်တကူလိုက်နာ ကျင့်သုံးနိုင်တဲ့ စပါးစိုက်နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်တဲ့ Drum Seeder နဲ့ စပါးစိုက်ပျိုးတဲ့စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်လိုက်နာဆောင်ရွက်နိုင်ရေး၊ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များကို လယ်ယာလုပ်ငန်းခွင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက (Drum Seeder)အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အခုရေ(၁၁၅)ခုအား ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ
https://t.me/MyanmarNationalPost
No comments:
Post a Comment