ပြင်ဦးလွင် ၊ ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ကြိုးပြင်ကာကွယ်တောတွင် လမ်းသွားလမ်းလာတစ်ဦးမှ မီးရှို့ခဲ့သဖြင့် ယနေ့နံနက်ပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာသို့ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းဦးဆောင်သော အဖွဲ့သည် ရတနာပုံမြို့သစ် နယ်မြေမီးသတ်စခန်း၊ သစ်တောဦးစီးဌာန၊ ပြင်စာကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ မီးလောင်သည့်မြေနေရာ(၅)ဧကခန့် လောင်ကျွမ်းခဲ့ပြီးအချိန် ၂ နာရီခန့် ကြာမြင့်ခဲ့သည်။
ထို့နောက် အလားတူဖြစ်စဉ်မျိုးမဖြစ်စေရန် ပြင်စာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာသူ၊ ကျေးရွာသား(၂၁)ဦးတို့အား ပြင်ဦးလွင်ခရိုင်၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းက “မီးခိုးမြူငွေ့ အန္တရာယ်ကာကွယ်ရေးတို့များဝိုင်းဝန်းဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်အသိပညာပေး ဟောပြောခဲ့သည်။ ပြင်ဦးလွင်ခရိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် မီးလောင်ကျွမ်းမှု(Fire Hotspots)များ ဖြစ်ပွားပါကအချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သွေးသွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment