ဂရင်းလန်းမရရင် အခွန်စည်းကြပ်မှုတွေ လုပ်မယ်ဆိုတာကို ရှုတ်ချတယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂရင်းလန်းမရရင် အခွန်စည်းကြပ်မှုတွေ လုပ်မယ်ဆိုတာကို ရှုတ်ချတယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ပြော


ဇန်နဝါရီ - ၁၉ ( တနင်္လာနေ့ ) 

ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆွန်း  အမေရိကန်အနေနဲ့ မဟာမိတ်နိုင်ငံများအပေါ်  “အခွန်တိုးကောက်မယ်” ဆိုတာကို  ရှုတ်ချတယ်တယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းနယ်မြေကို ရယူရန် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဥရောပနေတိုးအဖွဲ့ဝင် ရှစ်နိုင်ငံအား သွင်းကုန်ခွန်ကောက်ခံခြင်းတိုးမြှင့်မယ်လို မှတ်ချက်ထွက်ပေါ်လာပြီး နောက်မှာ ဆွီဒင်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကာားထွက်လာတာပဲ ဖြစ်ပါတယ်။ 

ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့ကို ဖေဖော်ဝါရီ ၁ ရက်မှစပြီး  အဲ့ဒိနိုင်ငံတွေကနေ အမေရိကန်ကို သွင်းတဲ့ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀% စည်းကြပ်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ထရမ့်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး အာတိတ်ဒေသက ဂရင်းလန်းကျွန်းအား "အလုံးစုံဝယ်ယူမှု" မပြီးမချင်း ဇွန်လတွင် စည်းကြပ်ခွန် ၂၅% ထပ်တိုးမယ်လိုလည်း ပြောပါတယ်။ 

"ကျနော်တို့ ဒဏ်ခတ်ခံရမှာ မဟုတ်ပါဘူး" လို ၎င်းက စနေနေ့တွင် ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။  ဒိန်းမတ်က အဆိုပါကိစ္စကို ပူးတွဲတုံ့ပြန်မှုပြုလုပ်ရန် အခြားသော EU နိုင်ငံများဖြစ်တဲ့ နော်ဝေ၊ ဗြိတိန် တို့နှင့် ဆွေးနွေးနေတယ်လို့ အိတ်စ်မှာ ရေးခဲ့ပါတယ်။ 

"ဒိန်းမတ်နဲ့ ဂရင်းလန်းကသာ ဒိန်းမတ်နဲ့ ဂရင်းလန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပါတယ်။ ကျနော့် နိုင်ငံနဲ့ ကျနော်တိုရဲ့ မဟာမိတ် အိမ်နီးချင်းတွေအတွက် အမြဲတမ်း ရပ်တည်သွားမှာပါ။ လောလောဆယ် စာရင်းသွင်းခံထားရသော နိုင်ငံများထက် နိုင်ငံအများအပြားကို သက်ရောက်မှုရှိသွားမှာပါ” လို့ သူက မီးမောင်းထိုးပြခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)