Pages

Pages

ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံ၍ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှု နှင့် ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်)၏ သဘောထား ကြေညာချက်



ရက်စွဲ ။    ။၁၃၈၇ ခုနှစ် ပြာသိုလပြည့်ကျော် (၁၂)ရက်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၄)ရက် ဗုဒ္ဓဟူးနေ့

စာအမှတ်။    ။ ၁ / မ မ ရ သ / ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဂမ်ဘီယာနိုင်ငံ က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြင့် မဟုတ်မမှန် လုပ်ကြံလီဆယ်ကာ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည်ဟူသော  စွပ်စွဲချက်ဖြင့် စွပ်စွဲခံရသည့်အပေါ် ၁၂-၁-၂၀၂၆ ရက်နေ့က စတင်ကြားနာခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လူမျိုးရေး ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင် လှုံ့ဆော်ယုံမျှမက မိမိတို့၏ နိုင်ငံတော်ကြီးအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေမူများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။

ဦးကိုကိုလှိုင် နှင့် ဒေါက်တာ သီတာဦး တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရဲရင့်ပြတ်သား၍ မှန်ကန်တည့်မတ်သောတုံ့ပြန်မှုများဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေခြင်းများအတွက် ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝသော ပြည်ထောင်စုဖွား ရဟန်းရှင်လူ တိုင်းရင်းသား တိုင်းရင်းသူ ပြည်သူအားလုံးမှ လေးစားဂုဏ်ယူ

အားပေးထောက်ခံ ဝန်းရံလျှက်ရှိသည်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောကိုစွဲဆိုထားခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုငငံကို စွဲဆိုထားသောအမှုဖြစ်သည့်အတွက် ရဟန်းရှင်လူ ပြည်သူအားလုံးနှင့်သက်ဆိုင်သည်။ မြန်မာနိုင်ငံသား ပြည်တွင်းသစ္စာဖောက် ပြည်ပြေးလောက်ကောင်များသည် မိမိတို့၏ အကျိုးစီးပွားတခုတည်းကိုသာ ကြည့်၍ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အလုံးစုံဖျက်ဆီးယုံံသာမက ပြည်ပသြဇာခံ၍ မဟုတ်မမှန် လုပ်ကြံသတင်းပေးကာ အခြေအမြစ်မရှိသော စွပ်စွဲချက်ပေါင်းစုံဖြင့် ထည့်သွင်း တရားစွဲဆို ခိုင်းနေခြင်းဖြစ်သည်။

အနောက်နိုင်ငံများနှင့် OIC အဖွဲ့အဝင်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် အလုံးစုံပျက်သုံးရေးကိုဦးတည်ပြီး မီဒီယာအား ငွေအားသုံး၍ အစဉ်အမြဲ မဟုတ်မမှန် လုပ်ကြံဇာတ်များဖန်တီးပြီး မြန်မာနိုင်ငံရေးရှုပ်ထွေးအောင် သွေးထို့မြှောက်ပင့်နေကြသည်ကို ရဟန်းရှင်လူပြည်သူများက သိရှိထားပြီးဖြစ်သည်။ 

၁၂-၁-၂၀၂၆ ရက်နေ့က ဂမ်ဘီယာဘက်မှ တင်သွင်းသင့် သက်သေအထောက်အထားများတွင် ရဟန်းရှင်လူပြည်သူများ၏ ကိုးကွယ်အားထားရာ သီတဂူဆရာတော်ကြီးနှင့် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူတို့ကိုပါ အစွန်းရောက်တံဆိပ်ကပ်၍ ပြောဆိုခဲ့ခြင်းသည် ပြည်ပြေးသစ္စာဖောက် လောက်ကောင်များ၏ စနက်ဖြစ်သည်ကို တွေ့ရပြီး အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံမှ လူမျိုးလိမ်နာမည်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် သက်သေများဖြင့် မြန်မာနိုင်ငံအား ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းနှင့် ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ပြည်ထောင်စုစိတ်ဓာတ်ရှိသော ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:

Post a Comment