ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား Installation တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား Installation တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်



ဒဂုံ၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များအား Installation တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ Installation ပြုလုပ်ခြင်းကို မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၂၈ ဦး၊ မဲပေးစက်ကိုင် ၇၃ ဦး စုစုပေါင်း ၁၀၁ ဦးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့‌ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲရုံစုစုပေါင်း ၁၄ ရုံ အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စုစုပေါင်း ၈၃ လုံးထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကျော်သူဟိန်း 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)