နေပြည်တော်၊ ဇန်နဝါရီ ၂၇
Mr. Sergei A. Shkrudnev၊ ဥက္ကဋ္ဌ၊ မင့်စ်မြို့တော် ကုန်သွယ်ရေးသမဂ္ဂ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ -
ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရွေးကောက်ပွဲများသည် ငြိမ်းချမ်းစွာကျင်းပလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယနေ့မဲရုံများသို့ နိုင်ငံသားများသည် ၎င်းတို့ရဲ့သားသမီးများနှင့်အတူ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြပြီး ၎င်းတို့နိုင်ငံအတွက်သာမက ၎င်းတို့မွေးရပ်မြေတစ်ခုလုံးရဲ့ အနာဂတ်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း တွေ့ရှိရပါတယ်။ မဲရုံများတွင်အရေးပါတဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို တွေ့ရှိရပါတယ်။ ယနေ့ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေသော ပါတီများအပြင် ပြည်သူလူထုလည်းရှိနေခြင်းကိုလည်း သတိပြုမိပါတယ်။ အရာအားလုံးသည် ပွင့်လင်းမြင်သာပြီး ဥပဒေအတိုင်းလုပ်ဆောင် နေကြောင်း တွေ့ရှိရပါတယ်။
ယနေ့ စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်နေသော ပါတီကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ အရ လက်ရှိအခြေအနေနှင့် မဲပေးခြင်းများသည် ဥပဒေချိုးဖောက်မှုမရှိဘဲ အစီအစဉ်တကျ လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းတို့ပြောကြားချက်များအရ သိရှိရပါတယ်။
ထို့အပြင် ယနေ့အသုံးပြုနေတဲ့ မြန်မာအီလက် ထရောနစ်မဲပေးစက်စနစ်သည် ရွေးကောက်ပွဲ မသမာမှုများကို ကာကွယ်ပေးပြီး ရွေးကောက်ပွဲများကို တရားမျှတစွာကျင်းပနိုင်ရန်များစွာ အထောက်အကူဖြစ်ကြောင်း သက်သေပြနေပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်သူများ၊ နိုင်ငံသားများသည် ဤအချက်ကိုသိရှိပြီး လာမည့်ရွေးကောက်ပွဲများတွင် ၎င်းတို့၏ဆန္ဒကို မည်သူမျှနှောင့်ယှက်နိုင်မည်မဟုတ်ကြောင်း နားလည်ကြမည်ဟု ယုံကြည်ပါတယ်။
ထို့အပြင်မဲရုံများသို့ သွားရောက်လေ့လာခွင့်နှင့် သတင်းအချက်အလက်အားလုံးကို သိရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ၊ အဆွေတော်တို့နိုင်ငံ ဒီထက်မက ကြီးပွားတိုးတက်ပါစေ၊ ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်ပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ၂၆-၁-၂၀၂၆ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
#MNP #News

No comments:
Post a Comment