ICJ မှာ ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ Professor Philippe Sands ရဲ့ လျှောက်လဲချက် ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ချက်အချို့ကို ကိုးကားထားတာ မြင်ရပါတယ်။ အဲ့ဒါတွေကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ တပ်ပိုင်းဆိုင်ရာ တရားစီရင်ရေးရဲ့ အကြီးအမှုးဖြစ်နေခြင်းဟာ တည်ဆဲ ခြေဥရဲ့ အခွင့်အာဏာ ဖြစ်ကြောင်း ဆိုတဲ့ စကားရပ်ဖြစ်တယ်။
ဒီစကားရပ်ရဲ့ အကျယ်အနေနဲ့ စစ်ဆင်ရေးကာလတွေမှာ စစ်ရာဇဝတ်မှုတွေ ဂျီနိုဆိုက်ဆန်တာတွေကို ကာကွယ်ရေးဦးစီးချုပ်က အပြစ်ပေးအရေးယူမှု ရှိရမယ် မရှိရင် ဒါဟာ ကာကွယ်ရေးဦးစီးချုပ်မှာပဲတာဝန်ရှိတယ်ဆိုတဲ့ သဘောမျိုးကို
ICJ မှာ ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ Professor Philippe Sands က ကောက်ယူ တင်သွင်းနေတာဖြစ်တယ်။
ဒီနေရာမှာ အရေးကြီးတဲ့ အချက်တွေက နံပါတ်တစ်အနေနဲ့ ရိုဟင်ဂျာ ဆိုတာ သီးသန့်လူမျိုး ဟုတ်မဟုတ်နဲ့ ဘင်္ဂလီ တွေက ရိုဟင်ဂျာလို့ အမည်သညာတပ်လာ တာမျိုး ဖြစ်နေရင် ယခုအမှုရဲ့ အရေးကြိးအစိတ်အပိုင်းဖြစ်လာမယ်။
ဒုတိယအချက်ကတော့ အာဆာတွေ ရဲ့ ရဲစခန်းပေါင်း ၃၀ ကျော်ကို ဝင်ရောက်တိုက်ခိုက်ခြင်း ဟာ တိမ်မြုပ်နေရဲ့ကိစ္စတစ်ခုမဟုတ်ကြောင်း အထပ်ထပ် သတိပေးရမယ်။
ဘာ့ကြောင့် ဆိုရင် လူမျိုးတုန်းသတ်ဖြတ်ခြင်းလို့ စွတ်စွဲနေတဲ့ လူမျိုးစုတွေဟာ အာဆာတွေနဲ့ အသွေးတူအမွေးတူတွေ
ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာတူနေတာ ဘာသာစကားတွေတူနေတာ အထူး ဂရုပြု ဆင်ချင်တွက်ဆရမှာဖြစ်လာတယ်။
တတိယအချက်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ စစ်ဆင်ရေးဆိုင်ရာ တရားမျှတမှုကို တာဝန်ရှိတယ်ဆိုတဲ့ စကားရပ်ကလေးနဲ့ တပ်မတော်ခေါင်းဆောင်ကို ထိုးနှက်လိုမှုကို အထူးသတိပြုရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဟာ တစိုက်မတ်မတ် တပ်မတော်နဲ့ ပဋိပက္ခအသွင်ဆောင်နေတာကို သတိချပ်ရမှာဖြစ်ပြီး ခြေဥအရ ကာကွယ်ရေးဦးစီးချုပ်က စစ်ဆင်ရေးဆိုင်ရာ တရားမျှတမှုကို တာဝန်ယူ ရတာမှန်သော်လည်း စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူခဲ့တဲ့ အချက်အလက်တွေကို ပေါ်လွင်အောင်မတင်ပြခဲ့တာ ရှုမြင်ရမယ်။
လက်တွေ့ဖြစ်စဉ်မှာ အကြမ်းဖက်အာဆာများကို ချေမှုန်းရေးစစ်ဆင်ရာက တပ်မတော်သားတွေ အပြစ်ပေးအရေးယူခံခဲ့ရတဲ့ ဖြစ်စဉ်တွေရှိနေတယ်။ စစ်ဖြစ်ရတဲ့ နေရာဒေသ အရ အာဆာ ဆိုသူတွေ ရဲ့ ဘာသာစကား ဟာ ရိုဟင်ဂျာဆိုသူဘင်္ဂလီတွေနဲ့ ဘာသာစကားတူညီနေကြပြီး မြန်မာ့တပ်မတော်သားတွေ နားလည်နိုင်စွမ်းမရှိတဲ့ ဘာသာစကား ဖြစ်နေတာကို အထူးတလည်ဖော်ပြပေးရမယ်။
ဒီလို ဘာသာ စကားတူနေတဲ့ အာဆာနဲ့ ရိုဟင်ဂျာဆိုသူ ဘဂ်လီကျေးရွာတွေမှာ မြန်မာ့တပ်မတော်အနေနဲ့ ဘာသာစကားမတူခြင်းကြောင့် ရှုပ်ထွေးနားလည် မိမှားမျိုးဖြစ်နိုင်တယ်။
သို့ဆိုလျှင် ဤကိစ္စ ကို ကနဦး အစပျိုးသူ အာဆာ တို့မှာ အထူးတာဝန်ရှိပေတယ်။
အာဆာနဲ့ ဘာသာစကားတူ ရိုဟင်ဂျာဆိုသော ဘင်္ဂလီတွေရဲ့ လက်ခြေကို မြင်နိုင်မှာဖြစ်တယ်။
ဦးနေမျိုးဝေ
နာယက
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
#MNP #News

No comments:
Post a Comment