လားရှိုးမြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲနှင့် ဆုချီးပေးအပ်ပွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲနှင့် ဆုချီးပေးအပ်ပွဲ



လားရှိုး  ၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲက ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များက နိုင်ငံတော်သီချင်း၊ မြန်မာ့ကျောင်းနှင့် ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးက မြို့နယ်အဆင့် Physical Fitness Exercises ပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အားကစားမောင်မယ်များက “အာရှမြန်မာ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများအားကျင်းပခဲ့ရာ အထက်တန်းအဆင့်တွင် ၁၆ သင်း၊ မူလတန်းအဆင့်တွင် ၁၈ သင်း၊ စုစုပေါင်အသင်း ၃၄ သင်းနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၀၀ ဦး ဝင်ရောက်ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ထို့အပြင် အထက်တန်းအဆင်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် အ.ထ.က (၆)၊ အ.ထ.က (ခွဲ) အ.လ.က (၈)နှင့် အ.ထ.က (၂) ကျောင်းတို့အားလည်းကောင်း မူလတန်းအဆင့်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် မူလွန် (၂၇)၊ အ.လ.က (ခွဲ) အ.မ.က (၂၄)နှင့် အ.လ.က (ခွဲ) အ.မ.က (၂၆) ကျောင်းတို့အား တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)