နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် Well Skateboarders, Fix Gear Bikers, Inline Skater, BMX Demonstrates ပြိုင်ပွဲနှင့် သရုပ်ပြပွဲဖွင့်ပွဲအခမ်းအနားတက်‌ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ် Well Skateboarders, Fix Gear Bikers, Inline Skater, BMX Demonstrates ပြိုင်ပွဲနှင့် သရုပ်ပြပွဲဖွင့်ပွဲအခမ်းအနားတက်‌ရောက်






နေပြည်တော်  ၊ ဇန်နဝါရီ ၁


၂ဝ၂၆ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြန်မာနိုင်ငံစကိတ် အားကစားအဖွဲ့ချုပ် Well Skateboards, Fix Gear Bikers, Inline Skater, BMX Demonstrates ပြိုင်ပွဲနှင့် သရုပ်ပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိဘုရားရှေ့ တပေါင်းကွင်း၌ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီဇင်ဘာလဆိုတာ မြန်မာနိုင်ငံရဲ့ လူထုအားကစားလဖြစ်သလို ဒီနေ့မှာလည်း ထူးထူးခြားခြား နေပြည်တော်၏ လမ်းမတွေထက်မှာ လူငယ်တွေရဲ့ ခွန်အား၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်တွေကို ဖော်ထုတ်ပြသခွင့် ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ယနေ့ပြိုင်ပွဲမှာပါဝင်တဲ့ Skateboardı Inline Aggressive & Fixed Gear Bike ဆိုတာ သာမန်အားကစားနည်းတွေ မဟုတ်‌ကြောင်း၊ ဒါတွေဟာ “Street Culture” လို့ခေါ်တဲ့ လမ်းမထက်က အနုပညာတွေဖြစ်ပါကြောင်း၊  ကစားကွက်တွေ အကြိမ်ကြိမ် မအောင်မြင်ခြင်းကနေ အောင်မြင်တဲ့အထိ ဘဝတစ်ခုပမာ ကြိုးစားပြုလုပ်ရတဲ့ အားကစားနည်းလည်း ဖြစ်ပါကြောင်း၊ 2020 Tokyo Olympic၊ 2024 Paris Olympic နှင့် 2019 SEA Games၊ 2025 SEA Games များတွင်လည်း ထည့်သွင်းကစားနေပြီဖြစ်ပြီး လာမည့် 2028 Losangeles Olympic တွင်လည်း ပါဝင်မယ့်အားကစားနည်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် In-Line Freestyle ASEAN Championship, Asian Invitational ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ရွှေ(၁၁)ခု၊ ငွေ(၂၀)ခုနှင့် ကြေး(၇)ခုရရှိခဲ့ပြီး၊ စကိတ်ကွင်းလိုအပ်ချက်ကြောင့် စကိတ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားနေရဆဲဖြစ်ပါကြောင်း၊ လဲကျသွားရင် ပြန်ထရမယ်၊ ဒဏ်ရာရရင်လည်း မကြောက်တမ်း ရှေ့ဆက်ရမယ်ဆိုတဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့စိတ်ဓာတ် “Never Give Up Spirit” ကို အရင်းခံရတဲ့ အားကစားနည်းတွေဖြစ်ပြီး လူငယ်မောင်မယ်တို့ရဲ့ အရှိန်အဟုန်တွေ၊ လူငယ်မောင်မယ်တို့ရဲ့ ကျွမ်းကျင်တဲ့ Trick တွေနဲ့ နေပြည်တော်ကို သက်ဝင်လှုပ်ရှားစေမှာ ဖြစ်ပါကြောင်း၊ ဒီနေ့ဟာပြိုင်ပွဲ ကျင်းပခြင်း ဆိုတာထက် လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အသိပညာတွေမျှဝေဖို့နဲ့ ကိုယ့်ရဲ့ဝါသနာကို အဆင့်အတန်း တစ်ခုအထိ မြှင့်တင်ဖို့ကနေ နိုင်ငံတော်ကို အားကစားဖြင့်မြှင့်တင်မှုရဲ့ ကြိုးပမ်းမှုအခြေခံအဆင့်အဖြစ် ကြိုးစားတဲ့ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်း‌နောက် မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ကျော်မင်းထွန်းက စကိတ်ပြိုင်ပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို၍ Inline Freestyle Demonstration ပြသခြင်း၊ BMX, Roller Freestyle, Skateboard, Fixed Riders Demonstration ပြသခြင်းများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်‌‌ဆေးပြီး ဌာဆိုင်ရာရုံး အဆောက်ဦများ သန့်ရှင်းသာလှပစေ ရေး၊  လမ်းဥပဓိရုပ်‌ ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းပုခုံးသားများ လမ်းလည်ပယ်ထက်မြင့်တက်နေမှု မရှိစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစို‌‌ပြေရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုး‌ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ပဲခူးလမ်းနှင့် တပ်ကုန်း (အမှတ်-၁)လမ်းတို့တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)