ပေါင်မြို့နယ်၌( ၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌( ၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း ပြုလုပ်










ပေါင်၊ ဖေဖော်ဝါရီ    ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် (၅း၃၀)နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားသို့တက်ရောက်လာသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်တင်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက်  ( ၇ )နာရီတွင် ဝါရီရူခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ 

မင်းအောင်လှိုင် ထံမှ ၂၀၂၆ ခုနှစ်၊( ၇၉ )နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဌ ဦးထင်လင်းအောင် ကဖတ်ကြားသည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက  ပြည်ထောင်စုနေ့  နှင့်သက်ဆိုင်သောတေးသီချင်း တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ( ၇၉ )နှစ်မြောက်  ပြည်ထောင်စုနေ့  အထိမ်းအမှတ်‌အတွက်ကျင်းပခဲ့သည့် မြို့နယ် အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပေါင်မြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်၊ပြည်နယ်ဂုဏ်ဆောင်၊မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ မိမိတို့ပင်မလုပ်ငန်းများထူးချွန်စွာထမ်းဆောင်ခဲ့သည်ဌာနဆိုင်ရာ (၄)ဦး၊ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးမှူး ( ၅ ) ဦးအား အုပ်ချုပ်မှုဆိုင်ရာထူးချွန်ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#MNP #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)